မော်လမြိုင်၊ ဧပြီ ၁
မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မုန့်လုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်သူများ အနေဖြင့် အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်ရန်နှင့် အများပြည်သူများအတွက် လျှော့ပေါ့သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေကြမှု အပေါ် အထူးပင် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန် ပစ္စည်းများအား လာရောက်ဝယ်ယူနေကြမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
အလာတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ် (မော်လမြိုင်)၌ အခြေခံစားသောက်ကုန် ပစ္စည်းများအား ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ဆရာအတတ်သင် သင်တန်းသို့ တက်ရောက်လျက်ရှိကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆန်၊ ဆီ၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြားစားသောက်ကုန်များအား ဈေးနှုန်းသက်သာ ချိုသာစွာ လာရောက်ရောင်းချပေးနေမှုအပေါ် အေးချမ်းပျော်ရွှင်စွာဖြင့် ဝယ်ယူနေကြမှုတို့အား ကြည့်ရှု အားပေးခဲကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အခြေခံ စားသားကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်ကြရန်နှင့် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ အခြေခံစားသောက်ကုန်များနှင့် အခြားစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ ဖြည်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


