Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲ အခမ်းအနား  တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲ အခမ်းအနား  တက်​ရောက်

by admin

မော်လမြိုင်၊ ဧပြီလ  ၄

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်​နေ့၊ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ​ကျေးရွာ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကျော်လင်းမောင်၊ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဌ၊လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ​ကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်း​ရေးမှူး၊ ပြည်နယ်အုပ်​ရေးမှူး ဦးတိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ​ခေတ္တကေျာင်းအုပ်ကြီးနှင့်အရာရှိအရာခံများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်​ရောက်သည်။ ​ရှေးဦးစွာ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှခေတ္တ ​ကျောင်းအုပ်ကြီး၊ ဗိုလ်မှူးကြီး ထွန်းနေဝင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းတပ်ခွဲအားစစ်ဆေးပြီးသင်တန်းတွင် ထူးချွန်ဆုရရှိသူများအားဆုတံဆိပ်များချီးမြှင့်ကာ သင်တန်းဆင်းမိန့်ခွန်း​ပြောကြားသည်။

ဆက်လက်ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းသင်တန်းသားများကတန်းစိတ်ပုံစံ စစ်ကြောင်းပုံစံဖြင့်​​ ခေတ္တကေျာင်းအုပ်ကြီးအားချီတက်အလေးပြုကာကွင်းအတွင်းမှပြန်လည်ထွက်ခွာကြသည်။ ဆက်လက်ပြီး ​ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့သည် သင်တန်းဆင်း သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့​ကြောင်းသိရသည်။

You may also like