Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ ရာဂီမုန်တိုင်းမတိုင်မီကာလ၊ မိုးစပါးပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်စိုက်ပျိုးမှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် သွင်းအားစုဖိုး လိုအပ်ငွေ၏ (၂၅%) ချီးမြှင့်ပေးအပ်သည့် အခမ်းအနားတက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ ရာဂီမုန်တိုင်းမတိုင်မီကာလ၊ မိုးစပါးပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်စိုက်ပျိုးမှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် သွင်းအားစုဖိုး လိုအပ်ငွေ၏ (၂၅%) ချီးမြှင့်ပေးအပ်သည့် အခမ်းအနားတက်ရောက်

by admin

မော်လမြိုင် ဧပြီ ၈

၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ ရာဂီမုန်တိုင်းမတိုင်မီကာလ၊ မိုးစပါးပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်စိုက်ပျိုးမှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် သွင်းအားစုဖိုး လိုအပ်ငွေ၏ (၂၅%) ချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို ဧပြီ ၈ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် စပါးသီးနှံ စိုက်ဧက(၇)သိန်းကျော်၊ ရော်ဘာသီးနှံ စိုက်ဧက(၅)သိန်းကျော်နှင့် ဥယျာဉ်ခြံ သီးနှံများကို အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း၊

ရာသီဥတုပြောင်းလဲမှုများနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှု များကို ကမ္ဘာတစ်ဝှမ်းလုံး ခံစားနေကြရသကဲ့သို့  မွန်ပြည်နယ်အနေဖြင့် သဘာဝ ဘေးအန္တရာယ်ဖြစ်သည့် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးမှုများတွင် မိုးစပါးပျက်စီးမှုအနေဖြင့်  ၂၀၂၄-၂၀၂၅ ခုနှစ်တွင် (၇၁၁၁)ဧက ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး  အချိန်မီ ပြန်လည်ဖာထေး စိုက်ပျိုး နိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းညွှန်မှု၊ ပြည်နယ်ရန်ပုံငွေ အစီအစဉ်ဖြင့် စုဆောင်းထားရှိသည့် ရက်(၉၀)မျိုး မျိုးစပါးတင်း (၁၀၀၀)ကို ပျက်စီးဧကအပေါ် မူတည်ပြီး  တောင်သူများ လက်ဝယ်သို့ ဆောင်ရွက်ပေးအပ်နိုင်ခဲ့ပြီးထပ်မံ၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရာဂီမုန်တိုင်းမတိုင်မီကာလ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် မိုးစပါး ပျက်စီးဧကများအပေါ် ပြန်လည်စိုက်ပျိုးခဲ့သည့် ဧကများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ပေးမည်ဖြစ်ရာ ရာဂီမုန်တိုင်း မတိုင်မီကာလ မိုးစပါးပျက်စီး ဧကအပေါ် ပြန်လည်စိုက်ပျိုးခဲ့သည့်(၄၉၄၀)ဧကအတွက် သွင်းအားစုဘိုး လိုအပ်ငွေ၏ (၂၅%)ဖြစ်သော (၂၄၇.၀၀)ကျပ်သန်းအား ပေးအပ်သွားမှာ ဖြစ်ကြောင်း၊ပြည်နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် သီးနှံအထွက်နှုန်း တိုးတက်ရေးသာမက အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်များ ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးစေရန် အဖက်ဖက်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာ တောင်သူများဘက်မှ အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုးပြုသလို တောင်သူတွေရဲ့ လူမှုစီးပွားဘဝများလည်း မြင့်မားလာမှာဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက် ပျက်စီးသွားသော မြို့နယ်(၄)မြို့နယ်မှ တောင်သူ များထံသို့ သွင်းအားစုဖိုးလိုအပ်ငွေ၏ (၂၅%) ပေးအပ် ချီးမြှင့်ခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

You may also like