Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ ဆိပ်ကမ်းသာတံတား၌ စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ ဆိပ်ကမ်းသာတံတား၌ စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားတက်ရောက်

by admin

မော်လမြိုင် ဧပြီ ၈

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ဆိပ်ကမ်းသာတံတား၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရာက်ကြသည်။ 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သံလွင်မြစ်အတွင်း ရွှေဝါငါးကြင်း​(၂ )လက်မအထက် အကောင်ရေ (၅၀၀၀ ) ကို ကုသိုလ်ပြုလွှတ်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်အေးချမ်း သာယာစေရန်၊ နိုင်ငံအဝန်း ဘေးအန္တရာယ်ကင်းရှင်းစေရန် နှင့် ပြည်သူများ စိတ်ကြည်နူးအေးချမ်းစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အသီးသီးမှ ဝတ်ရွတ်အသင်းများက သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဓမ္မာရုံများ၊ စေတီပုထိုးများနှင့် ဌာနဆိုင်ရာရုံးများ၌ မြတ်စွာ ဘုရားရှင်အား ရည်မှန်းကာ   ည(၇)နာရီမှစ၍ ရတနာသုတ် (၉) ခေါက် (၉)ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

You may also like