Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)နှင့်အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)နှင့်အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တက်ရောက်

by admin

မော်လမြိုင်၊ မေ ၂၄ 

ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄၆)စစ်ရေယာဉ်စု အကူရေယာဉ်အုပ်(မော်လမြိုင်သင်တန်းစခန်း)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင် ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မောင်တို့မယ်တို့သည် မွန်ပြည်နယ်အတွက် ဂုဏ်ယူစရာကောင်းပြီး နိုင်ငံတော်အကြီးအကဲများစီစဉ်ပေးသည့် သင်တန်းကိုလည်းတက်ရောက်ခဲ့ကာ နိုင်ငံတော်အတွက် အားထားရသည့် မျိုးဆက်သစ်လူငယ်များဖြစ်ကြောင်း၊သင်တန်းဖွင့်လှစ်သည့် (၅)ပါတ်ကာလအတွင်းမှာ သင်တန်းသား/သင်တန်းသူများအနေဖြင့် တပ်မတော်(ရေ)မှ အရာရှိ/စစ်သည်များသာ သင်ကြားရသည့် ဘာသာရပ်များဖြစ်သည့် ရေကူးဘာသာရပ်၊ စစ်ရေးပြ ဘာသာရပ်၊ ရေတပ်သားဘာသာရပ်၊ အချက်ပြဆက်သွယ်ရေးဘာသာရပ်၊ ရေကြောင်းလမ်းညွှန်ဘာသာရပ်နှင့် လှေလှော်ရွက်တိုက်ဘာသာရပ် များအား သင်ကြားလေ့ကျင့်ခဲ့ရသည့်အတွက် အသိပညာဗဟုသုတများ များစွာရရှိခဲ့လိမ့်မယ်လို့ယုံကြည်ပါ ကြောင်း၊တန်းမြင့် ရေတပ်သား ဘာသာရပ်ပြိုင်ပွဲတွင် တတိယဆုနှင့် တန်းမြင့်အချက်ပြဆက်သွယ်ရေးဘာသာ ရပ်ပြိုင်ပွဲတွင် တတိယဆုများရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး စခန်း ၁၁ခု ရှိသည့် အနက်တွင် အဆင့် ၅ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး  ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက အတွေ့အကြုံများအား ရှင်းလင်းပြောကြား၍ သင်တန်းသား၊သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ ရေတပ်ဘာသာရပ်(တတိယဆု)နှင့် ရေတပ်အချက်ပြဆက်သွယ်ရေးဘာသာရပ် (တတိယဆု)ရရှိခဲ့သော မွန်ပြည်နယ်ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့သရုပ်ပြသနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ လက်ဖက်ရည်အတူတကွ သုံးဆောင်ခဲ့ကြကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ 

ဆက်လက်၍  အခြေခံလေကြောင်း လူငယ်သင်တန်းများအား ဖွင့်လှစ်ပို့ချခဲ့ပြီး အခြေခံ လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)ကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မော်လမြိုင် သင်တန်းစခန်း အခြေခံ လေကြောင်း လူငယ်သင်တန်းများကို  ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း၊   မောင်တို့/မယ်တို့အနေနဲ့ အနာဂတ်နိုင်ငံတော်အတွက် အားထားရတဲ့ ပညာရှင်များဖြစ်အောင် ယခုတက်ရောက်ခဲ့သော လေကြောင်း လူငယ်သင်တန်းများမှ အခြေခံ၍ ကောင်းမွန်တဲ့ကြိုးစားအားထုတ်မှု အလေ့အကျင့်ကောင်းများရယူပြီး ဆက်လက်ကြိုးစား သွားကြရမှာဖြစ်သလို နောင်တစ်ချိန် နိုင်ငံတော်ရဲ့ ပုခုံးပြောင်းတာဝန်များကို လွှဲပြောင်းပေးအပ်ရာမှာလည်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရေး တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက မွန်ပြည်နယ် လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းသူ၊ သင်တန်းသားများနှင့်အတူ လန်းဆန်းစာအား မိသားစုသဖွယ် ချစ်ခင်ရင်းနှီးစွာ အတူတကွသုံးဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။ 

You may also like