Home စီးပွားရေးရာဝန်ကြီးဌာနပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးတက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးတက်​ရောက်

by Mon Media

မော်လမြိုင်၊ ​အောက်တိုဘာ ၂၈
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၂၈ ရက်​နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်​ရောက်သည်။
အစည်းအ​ဝေးတွင် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွား​ရေးအရ အချက်အခြာကျသည့် ​နေရာတစ်ခုဖြစ်သလို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်​ခေါ်၍ ​ရေရှည်ရင်းနှီးမြှုပ်နှံမှုများ​ ဆောင်ရွက်နိုင်​ရေးကိုလည်း အ​လေးထား​ဆောင်ရွက်​လျက်ရှိ​ကြောင်း၊ ​ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် MSME လုပ်ငန်းများသည် အရေးပါဆုံး အခန်းကဏ္ဍတွင် ပါဝင်သဖြင့် အားပေးဆောင်ရွက်ကြရန် လိုအပ်သလို စိုက်ပျိုး​မွေးမြူ​ရေးကို အ​ခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြင့် ထုတ်လုပ်မှုစွမ်းအား မြှင့်တင်​ဆောင်ရွက်ကြရန် လို​ကြောင်း၊ ကိုဗစ််-၁၉ ​ရောဂါကာလအတွင်း စီးပွား​ရေးလုပ်ငန်းများ ပြန်လည်ဦး​မော့လာ​စေ​ရေးအတွက် ရင်းနှီးမြုပ်နှံသူများ ပါဝင်​သည့် စီးပွား​ရေးအ​ခြေခံကောင်းများ တည်​ဆောက်​ပြီး တစ်ဖက်ကလည်း အ​​ကြောင်းအမျိုးမျိုး​ကြောင့် ရပ်တန့်​​နှောင့်​နှေးနေသည့် စီးပွား​ရေးလုပ်ငန်းများ ပြန်လည် လည်ပတ်လာ​စေ​ရေး ​ဆောင်ရွက်​ပေးကြရန်နှင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်၊၊
အဲဒီ​နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်း​အောင်မှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအ​ပေါ် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များမှ ​ဖြည့်စွက်ဆွေး​နွေတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးသည်။

You may also like