မော်လမြိုင် ဇူလိုင် ၂၅
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် MSME လုပ်ငန်းများသည် အရေးပါဆုံး အခန်းကဏ္ဍတွင် ပါဝင်သဖြင့် အားပေးဆောင်ရွက်ရန် ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးရှိ ကိန်းဂဏန်းတွေအရ မွန်ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၅၅ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၉၃၀၈၀၂.၄၂၆ နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၇ ခု၊ အမေရိကန် ဒေါ်လာ ၅၁၃၅.၈၇၉ သန်းရှိနေပြီ ဆိုတာကိုလည်း သိရှိရကြောင်း၊ Win Long Wood industry Co., Ltd. ၏ အတည်ပြုမိန့်တွင် တည်ဆောက်ရေးကာလ တိုးမြှင့်ပေးပါရန် တင်ပြလာခြင်းအပေါ် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာရေးနဲ့ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ အထောက်အကူဖြစ်စေရေးအတွက် ဝိုင်းဝန်းကြံဆ ဆွေးနွေးပေးကြစေလိုကြောင်းပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူး ပေါင်း ဆောင်ရွက်ကြ ရန် ၊ ကိုဗစ်-၁၉ အလွန် နိုင်ငံတော်ရဲ့ မူဝါဒများအရ တိုင်းပြည်ရဲ့စီးပွားရေး ပြန်လည်ဦးမော့နိုင်ဖို့၊ မိမိတို့ရဲ့ ကူညီဆောင်ရွက်ပေးမှုများကြောင့် ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှုများ ပိုမိုစီးဝင် လာစေရေးနှင့် ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ထွက်ခွါမသွားစေရေး၊ ရင်းနှီး မြှုပ်နှံသူလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိအောင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များအနေနဲ့ မိမိတို့ တာဝန်ယူ ဆောင်ရွက်ရတဲ့ ကဏ္ဍများအလိုက် အကောင်းဆုံးဖြစ်အောင် ပါဝင်ကူညီဆောင်ရွက်ပေးပါလို့ အကြံပြုတိုက်တွန်းလိုကြောင်းပြောကြားသည်၊၊
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင် က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုသည့် ကိစ္စရပ်များနှင့်အစည်းအဝေးတွင် တင်ပြလာ သည့် လုပ်ငန်းများ နှင့်ပတ်သက်၍ အတည်ပြုမိန့် ပြင်ဆင်ရေး ဆွေးနွေးဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးအကြံပြုတင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်းသိရသည်။





