Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း – ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ ပင်လယ်ကမ်းခြေတွင် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်၊ အလှပ်ကေျးရွာကန်သာယာလမ်းရှိ ဆိုင်ကလုန်း(Shelter) တစ်လုံးတည်ဆောက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး၊ (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)ဓါတ်ခွဲ (၈)လ သင်တန်းဖွင့်ပွဲနှင့်“WORLD HEPATITIS DAY” အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း – ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ ပင်လယ်ကမ်းခြေတွင် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်၊ အလှပ်ကေျးရွာကန်သာယာလမ်းရှိ ဆိုင်ကလုန်း(Shelter) တစ်လုံးတည်ဆောက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး၊ (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)ဓါတ်ခွဲ (၈)လ သင်တန်းဖွင့်ပွဲနှင့်“WORLD HEPATITIS DAY” အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

by Mon Editor

မော်လမြိုင်၊ ဇူလိုင် ၂၆

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ ပင်လယ်ကမ်းခြေတွင် ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သစ်ပင်ချစ်သူများအဖွဲ့ တက်ရောက်သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက ယနေ့ အခမ်းအနားသည် ကမ်းရိုးတန်းဒေသတွေမှာ အရေးကြီးတဲ့ ဂေဟစနစ်တစ်ခု ဖြစ်တဲ့ ဒီရေတောဂေဟစနစ်တွေ ထိန်းသိမ်းဖို့ သတိပေးတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါကြောင်း၊ ဒီရေတောတွေဟာ ကုန်းတွင်းပိုင်းနဲ့ ပင်လယ်သတ္တဝါ တွေ ရှင်သန်ကျက်စားနေထိုင်ရာ ဧရိယာလည်း ဖြစ်ကြောင်း၊ ဒီရေတောဂေဟစနစ်မှ ထုတ်လုပ်တဲ့ အော်ဂဲနစ်ပစ္စည်းများဟာ ၎င်းဂေဟစနစ် ကိုယ်တိုင်အတွက်သာမက အခြားဆက်စပ်နေတဲ့ ဂေဟစနစ်များ အတွက်ပါ အာဟာရပစ္စည်းများ ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ပင်လယ် ကမ်းရိုးတန်းများနဲ့ မြစ်ချောင်းများရဲ့ ကမ်းခြေများ မြေပြိုမှုနဲ့ ဒီရေ တိုက်စားမှုတို့မှလည်း ကာကွယ်ပေးထားနိုင်ကာ မုန်တိုင်း၊ ဒီရေနဲ့ လေပြင်း တိုက်ခတ်မှုဒဏ် တို့ကို လျော့နည်းစေခြင်းဖြင့် ဒေသခံပြည်သူတို့ရဲ့ လူမှုစီးပွားရေး အခြေခံများကို ကာကွယ်ပေးထားနိုင်ကြောင်း ၊ မွန်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်လို့ ပင်လယ် ကမ်းရိုးတန်းသယံဇာတတွေ ရေရှည်တည်တံ့စေဖို့၊ ကမ်းရိုးတန်း ဂေဟစနစ်တွေ တည်ငြိမ်စေဖို့၊သဘာဝ ဘေးအန္တရာယ်ကျရောက်မှုတွေ လျော့ပါးသက်သာစေဖို့ ဒီရေတောကြိုးပြင်ကာကွယ်တော (၃) ခု တိုးချဲ့ ဖွဲ့စည်းနိုင်ဖို့ ကြေးတိုင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ချောင်းဆုံ မြို့နယ်မှာ နောက်ထပ် ဒီရေတောကြိုးပြင်ကာကွယ်တော တစ်ခုဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးပြီး အပင်များ ကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်နဲ့ အောင်မြင်အောင် ဆောင်ရွက်ဖို့ သစ်တောဦးစီးဌာနကတာဝန်ယူ ဆောင်ရွက် ရမှာဖြစ်ပြီး ပြည်သူ အားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်၀န်ကြီးချုပ် ၊တိုင်းမှူး နှင့် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် တို့က စိုက်ပျိုးမည့် ဗြူးခြေထောက်၊ သမဲ့၊ အုန်းပျိုးပင်များကို သစ်ပင်စိုက်သူများထံ ပေးအပ်ပြီး ပြည်နယ်၀န်ကြီးချုပ် ၊ တိုင်းမှူး နှင့် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သစ်ပင်ချစ်သူများအဖွဲ့တို့က ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတော သစ်မျိုး (၃) မျိုးနှင့် အပင်အရေအတွက် (၁,၅၄၀)ပင် တစ်ပျော် တစ်ပါး စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။ ဆက်လက်၍ ပြည်နယ်၀န်ကြီးချုပ် နှင့် တိုင်းမှူးတို့သည် တက်ရောက်လာသူများမှ ဒီရေတော သစ်မျိုး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက် ကြသည်။

 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလှပ်ကျေးရွာအုပ်စု ဆယ်အိမ်စု ကျောင်းတိုက် ဆရာတော် အား ဖူးမြော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလှပ်ကေျးရွာကန်သာယာလမ်းရှိ ကွင်းအမှတ်၊ ၈၄၅- က(အလှပ်ရွာကွင်း)သို့ ရောက်ရှိရာ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့မှစိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်၊အကြုံပြုချက်များရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မြေနေရာအမြန်ရရှိရေး၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စုသည် မုတ္တမပင်လယ်ကွေ့နှင့် ထိစပ်လျက်ရှိသော ကျေးရွာအုပ်စုဖြစ်၍ သဘာဝဘေးအန္တရာယ်နှင့် မိုးရာသီကာလတွင် မုန်တိုင်း တိုက်ခတ်လာပါက မုန်တိုင်းအန္တရာယ်မှ တိမ်းရှောင်နိုင်ရန်ယာယီခိုလှုံရန်နေရာဖြစ်သော ဆိုင်ကလုန်း(Shelter) တစ်လုံးတည်ဆောက်ပေးနိုင်ရန်နှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်းအချိန်မှီအမြန်ပြီးစီးရေးဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ၊ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင် (၄)ဓါတ်ခွဲ (၈)လ သင်တန်းဖွင့်ပွဲနှင့်“WORLD HEPATITIS DAY” အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက ကျန်းမာရေးဝန်ကြီးဌာနဟာ ပြည်သူလူထုအတွက် အဆင့်အတန်း မီသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ရောဂါရှာဖွေရေး၊ ကုသရေးနှင့် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်၌ အရည်အသွေး ပြည့်ဝသော ဓါတ်ခွဲကျွမ်းကျင်ပညာရှင်များကို စနစ်တကျ အဆင့်မီမီ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသား၊သင်တန်းသူမောင်မယ်တွေဟာ သင်တန်းကာလ (၈)လတာကို ပြီးဆုံးအောင်မြင်အောင် ကြိုးစားသင်ယူပြီး နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ ပြည်သူလူထုအကျိုးကို ထမ်းဆောင်နိုင်သော၊ တာဝန် ကျေပြွန်သော၊ လုပ်ငန်းကျွမ်းကျင်သော၊ ပြည်သူလူထုကို ကောင်းမွန်စွာ စောင့်ရှောက်မှုပေးနိုင်သော၊ ဓါတ်ခွဲကျွမ်းကျင်ဝန်ထမ်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ ၀၂၃-ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့မှာ ကျရောက်မည့် “WORLD HEPATITIS DAY” ကို ကမ္ဘာ့အသည်းရောင်ရောဂါနေ့အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)မှ သတ်မှတ်ပြီး၊ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးသော ရောဂါ(၁၀)မျိုးတွင် နံပါတ် (၆) နေရာတွင် ရှိနေတာကို သိရှိရပါကြောင်း၊ အသက်အုပ်စုကိုကြည့်လျှင်လည်း အသက်(၃၀)နှင့်(၅၉)နှစ်ကြားတွင် အဖြစ်များကြောင်း သုတေသနပြုချက်အရ မွန်ပြည်နယ်ဟာ အသည်းရောင်(B)ပိုးနှင့်(C)ပိုး အများဆုံး ဖြစ်ပွားနေသော ပြည်နယ်တစ်ခု သိရှိရပါကြောင်း၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနှင့် ဌာနဆိုင်ရာ အသီးသီးမှ အသည်းရောင်(B)ပိုး ကာကွယ်ဆေးထိုးလုပ်ငန်းများ တိုးချဲ့ခြင်း၊ ရောဂါရှိသူများကို ရှာဖွေဖော်ထုတ်ပြီး ကုသမှု ပေးခြင်း၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်း များတွင် ပူးပေါင်းပါဝင်ပြီး အသည်းရောင်အသားဝါပိုးများကြောင့် ဖြစ်စေသော သေဆုံးမှု၊ နာမကျန်းမှုများကို လျော့ချနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်းမှ မြန်မာအသည်းဖောင်ဒေး ရှင်း(မော်လမြိုင်အသင်း)သို့ ငွေကျပ်သိန်း(၈၀)လှူဒါန်းမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ  ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်က ဓါတ်ခွဲ သင်တန်းသား/သူများ ကိုယ်စား သင်တန်းသား တစ်ဦးအား ပေးအပ်ခဲ့သည်။ 

ယင်းနောက် မြန်မာအသည်းဖောင်ဒေးရှင်း (မော်လမြိုင်အသင်း)ဥက္ကဋ္ဌ ဒေါက်တာဉာဏ်ဇော် မှ WORLD HEPATITIS DAY နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော သူနာပြု သင်တန်းသား/ သူများအား အသည်းရောင် အသားဝါ (B)/(C)ပိုး ရှိ/မရှိ သွေးဖောက် စစ်ဆေး ခြင်းနှင့် အသည်းရောင်အသားဝါ(B)ပိုး ကာကွယ်ဆေးထိုးနှံနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

You may also like