Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- မော်လမြိုင်မြို့၊ သမိုင်းဝင် လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီး၊ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်း​လောင်လှူပူ​ဇော်ပွဲတို့၏ လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်ချ အလှူ​တော် မင်္ဂလာအခမ်းအနား၊ ​ပေါင်မြို့နယ် သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော် ပြန်လည်တင်လှူပူ​ဇော်နိုင်​ရေး ဌာပနာ​တော်များ ထည့်သွင်းပူ​ဇော်ပွဲအခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- မော်လမြိုင်မြို့၊ သမိုင်းဝင် လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီး၊ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်း​လောင်လှူပူ​ဇော်ပွဲတို့၏ လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်ချ အလှူ​တော် မင်္ဂလာအခမ်းအနား၊ ​ပေါင်မြို့နယ် သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော် ပြန်လည်တင်လှူပူ​ဇော်နိုင်​ရေး ဌာပနာ​တော်များ ထည့်သွင်းပူ​ဇော်ပွဲအခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်ထားသည့် သမိုင်းဝင် လေးကျွန်းသစ္စာရှင်နဂါးမောက် စေတီတော်မြတ်ကြီး၊ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်း​လောင်လှူပူ​ဇော်ပွဲတို့၏ လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်ချ မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာလ ၂၅ ရက်​နေ့၊ နံနက်ပိုင်းက ​စေတီ​တော်မြတ်ကြီး၏ ဓမ္မာရုံ​တော်၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ အလှူရှင်များတက်​ရောက်သည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ​မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူ​ဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်း (ငရုတ်သီးမှုန့်လုပ်ငန်း) မိသားစုနှင့် အလှူရှင်များ၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်း​လောင်လှူပူ​ဇော်ပွဲတို့၏ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ ​တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်​တော်မူ​သော ​ရှေး​ဟောင်းဘုရား (၁၆) ဌာန  သမိုင်းဝင် ​စေတီ​တော်များအနက်မှ သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်၊ ထီး​တော် ပြန်လည်တင်လှူ ပူ​ဇော်နိုင်​ရန်အတွက် ဌာပနာ​တော်များ ထည့်သွင်းပူ​ဇော်ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​စေတီ​တော်မြတ်ကြီး၏ ဓမ္မာရုံ​တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ဦးစွာ ​စေတီ​တော်မြတ်ကြီးကို လက်ယာရစ်တစ်ပတ် လှည့်လည်ပူ​ဇော်၍ ဆရာတော်ကြီးများထံ ဩဝါဒခံယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်များက စိန်ဖူး​တော်တွင်ကပ်လှူပူ​ဇော်မည့် ရတနာများအား ဌာပနာ​တော်အတွင်း ထည့်သွင်းပူ​ဇော်ခဲ့ကြကာ ​စေတီ​တော်ရင်ပြင်​တော် တို့ချဲ့ဆောက်လုပ်နေမှု အ​ခြေအ​နေအား ကြည့်ရှုခဲ့သည်။

You may also like