Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- တောင်သူပညာပေး ဆိုလာစနစ်သုံး ရေတင်စနစ် သရုပ်ပြသခြင်းကို ကြည့်ရှုအား​ပေး၊ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ အစိုးရစက်မှု လက်မှုသိပ္ပံ(မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- တောင်သူပညာပေး ဆိုလာစနစ်သုံး ရေတင်စနစ် သရုပ်ပြသခြင်းကို ကြည့်ရှုအား​ပေး၊ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ အစိုးရစက်မှု လက်မှုသိပ္ပံ(မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ဇန်နဝါရီ ၂၇
မွန်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူ​ရေးလုပ်ငန်း၊ ဆားလုပ်ငန်းနှင့် အခြားကုန်ထုပ်လုပ်ငန်းများ​ဆောင်ရွက်ရာတွင် လိုအပ်သည့် စိုက်ပျိုး​ရေ၊ လုပ်ငန်းသုံး​ရေများ ရရှိနိုင်ရန်အတွက် နည်းလမ်း​ပေါင်းစုံဖြင့် ​ဆောင်ရွက်​ပေးလျက်ရှိရာ တောင်သူပညာပေး ဆိုလာစနစ်သုံး ရေတင်စနစ် သရုပ်ပြသခြင်းကို ဇန်နဝါရီလ ၂၆ ရက်​နေ့၊ မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတား၌ ​​ကျင်းပဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများမှ  တက်​ရောက်ကြည့်ရှုအား​ပေး၍ မွန်ပြည်နယ် ဆားလုပ်ငန်းရုံး၊ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်းနှင့် ဆိုလာစနစ်သုံး ရေတင်စနစ်ဖြင့် ရရှိလာမည့် အကျိုးဖြစ်ထွန်းမှုအ​ခြေအ​နေများနှင့် ပတ်သက်၍ ဒေသခံ ​တောင်သူများ၊ ဆား​လုပ်ငန်းနှင့် စိုက်ပျိုး​မွေးမြူ​ရေး ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်သူများအား ရှင်းလင်း​ဆွေး​နွေးခဲ့ကြသည်။
ထို့​နောက် စက်သုံးဆီ အစားထိုး ဆိုလာစနစ်ဖြင့် ရေတင် နိုင်သည့် အာလိန်ပန့်ဖြင့် ​ရေတင်နိုင်သည့် နည်းစနစ်အား ​လက်​တွေ့သရုပ်ပြသခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးက ​လိုအပ်သသည်များကို လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​​ဆောင်ရွက်​ပေးခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ အစိုးရစက်မှု လက်မှုသိပ္ပံ(မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နာဝါရီလ ၂၇ ရက်​နေ့၊ နံနက်ပိုင်းက အစိုးရစက်မှု လက်မှုသိပ္ပံ(မော်လမြိုင်) ၊ ​ကျောင်းခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များအား စဉ်ဆက်မပြတ် ​လေ့ကျင့် သင်ကြားမွေးထုတ် ပေးနိုင်​ရေး အ​လေးထား ​ဆောင်ရွက်​ပေးလျက်ရှိ​ရာ ပြည်နယ်အတွက် တစ်ခုတည်း​သော စက်မှုလက်မှုသိပ္ပံကျောင်းမှာ တက်​ရောက် ပညာဆည်း​ပူးခွင့်ရရှိကြမည့် ​မောင်၊ မယ်တို့အတွက် အင်ဂျင်နီယာပညာသင်ယူမှု အခွင့်အလမ်းအပြင် အလုပ်အကိုင်အခွင့်အလမ်းကိုပါ ရရှိနိုင်မည်ဖြစ်တဲ့အတွက် အထူးဝမ်း​မြောက် ဂုဏ်ယူမိပါ​ကြောင်း၊ အသိပညာရပ်များကိုသာမက အတတ်ပညာရပ်များကို တတ်သိနားလည်ထား​လောက်သာ မလုံ​လောက်ဘဲ အမှားအမှန်ကို ​ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့သူများ ဖြစ်လာကြဖို့လည်း လိုအပ်​ကောင်း၊ သင်ယူ​လေ့လာမှု​တွေဟာ ကုန်းခန်းနိုင်ခြင်းမရှိဘဲ တိုးတက်​ပြောင်းလဲလာတဲ့ ​ခေတ်စနစ်နှင့်အညီ ဟန်ချက်ညီ မျှတစွာ ပြုမူ​နေထိုင်​ ဆောင်ရွက်ကြဖို့လိုသလို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာတို့ ပြည့်ဝပြီး ထူးချွန်ထက်မြက်သူတွေ ဖြစ်လာဖို့လည်း စွမ်း​ဆောင်ကြရမည်ဖြစ်​ကြောင်း၊ အနာဂတ်မှာ နိုင်ငံ့တာဝန်များကို ပုခုံး​ပြောင်း တာဝန်ထမ်း​ဆောင်ကြရမည့် ​မောင်၊ မယ်တို့အ​နေဖြင့် နည်းပညာနှင့် စက်မှုလက်မှုသိပ္ပံဘာသာရပ်များကို အပတ်တကုတ် ကြိုးစား​လေ့လာသင်ယူကြပြီး ပညာရပ်ပိုင်းဆိုင်ရာများကို လုပ်ငန်းနယ်ပယ်တွင် ထိ​ရောက်မှန်ကန်စွာ အသုံးခြခြင်းင်းဖြင့် အကျိုးရှိစွာ သယ်ပိုးထမ်း​ဆောင်သူများဖြစ်​အောင် ဆောင်ရွက်​ပေးကြရန်တိုက်တွန်းလို​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် အစိုးရစက်မှု လက်မှုသိပ္ပံ(မော်လမြိုင်) ​ကျောင်းအုပ်ကြီးမှ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်သို့ တက်​ရောက်ကြမည့် ​ကျောင်းသား ​မောင်၊ မယ် ​လေးများအား ကြိုဆိုနှုတ်ခွန်းဆက်စကား​ပြောကြားခဲ့ပြီး ကျောင်းသူ၊ ​ကျောင်းသား​လေးများ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှု လက်မှုသိပ္ပံ(မော်လမြိုင်) အတွက် ​ထောက်ပံ့​ငွေကျပ်သိန်း (၂၀) နှင့် ​အားကစားပစ္စည်းများ ​ထောက်ပံ့​ပေးအပ်ခဲ့ပြီး ​ကျောင်းသူ၊ ​ကျောင်းသား​လေးများအား ရင်းရင်းနှီးနှီး လိုက်လံအား​ပေးနှုတ်ဆက်ခဲ့သည်။

You may also like