Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- ​မော်လမြိုင်မြို့၊ စာသင်​ကျောင်းများ စိမ်းလန်းစို​​ပြေရေးနှင့် သန့်ရှင်းသာယာလှ​ပ​ရေး ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- ​မော်လမြိုင်မြို့၊ စာသင်​ကျောင်းများ စိမ်းလန်းစို​​ပြေရေးနှင့် သန့်ရှင်းသာယာလှ​ပ​ရေး ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး

by Mon Editor
မော်လမြိုင်၊ ဇန်နဝါရီ ၂၈
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာကျောင်းများမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ​ကျောင်းသူ၊ ​ကျောင်းသားများ စိတ်​အေးချမ်း​မြေ့စွာ ပညာသင်ကြားနိုင်​ရေး အ​လေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အဖွဲ့သည် ဇန်နဝါရီလ ၂၈ ရက်​နေ့၊ နံနက်ပိုင်းက ​​​မော်လမြိုင်မြို့၊ အမှတ်(၁) အ​ခြေခံပညာ အထက်တန်း​ကျောင်း၌ ကျောင်းဝင်း အတွင်း၊ အပြင်နှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု​ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်​နေပြည်သူများက စာသင်​ကျောင်း စိမ်းလန်းစို​​ပြေရေးနှင့် သန့်ရှင်း သာယာလှ​ပ​ရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအ​ပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်​ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိ​​စေ​ရေးနှင့် ဥပတိရုပ် ​ကောင်းမွန်​စေ​​ရေး အ​လေးထား​ဆောင်ရွက်​ပေးကြရန်၊ ​ကျောင်း စိမ်းလန်းစို​​ပြေရေးနှင့် သန့်ရှင်း​သာယာမှုရှိစေ​ရေး ဆောင်ရွက်ရန်၊ ​ကျောင်းအကျိုးပြုလုပ်ငန်းများနှင့် ​စာသင်ကျောင်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စာသင်​ကျောင်း​ဆောင်များအား လှည့်လည် ကြည့်ရှုစစ်​ဆေးပြီး ​ကျောင်းတာဝန်ရှိသူများနှင့် ​တွေ့ဆုံ၍ ​​ကျောင်း၏ လိုအပ်ချက်များအား ​ဖြည်းဆည်း​ဆောင်ရွက်​ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ​ကျေးရွာများတွင် သန့်ရှင်းသာယာလှပ​စေ​ရေးအတွက် ပြည်သူ့အကျိုးပြု စု​ပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး စာသင်​ကျောင်းများတွင်လည်း ​ကျောင်းသန့်ရှင်း​သာယာလှပ​စေ​ရေးအတွက် ​ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေးကို အပတ်စဉ်ပုံမှန် ​ဆောင်ရွက်​​လျက်ရှိ​ကြောင်းလည်း သိရှိရသည်။

You may also like