Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- ​​မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကု ပြည်သူ့​ဆေးရုံကြီး၊ ကင်ဆာ​ရောဂါ ကုသ​ဆောင်တွင် ကျန်းမာ​ရေး​စောင့်​ရှောက်မှု​လုပ်ငန်းများ ​ဆောင်ရွက်​ပေး​နေမှု အ​ခြေအ​နေအား ကြည့်ရှုအား​ပေး၊ အလှူ​ငွေများ၊ ​ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ ​ပေးအပ်လှူဒါန်း

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- ​​မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကု ပြည်သူ့​ဆေးရုံကြီး၊ ကင်ဆာ​ရောဂါ ကုသ​ဆောင်တွင် ကျန်းမာ​ရေး​စောင့်​ရှောက်မှု​လုပ်ငန်းများ ​ဆောင်ရွက်​ပေး​နေမှု အ​ခြေအ​နေအား ကြည့်ရှုအား​ပေး၊ အလှူ​ငွေများ၊ ​ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ ​ပေးအပ်လှူဒါန်း

by Mon Editor
မော်လမြိုင်၊ ဇန်နဝါရီ ၃၀
မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေး ပြည့်မီစွာ ရရှိစေရေး အထူးအ​လေး​ထား ဆောင်ရွက်​လျက်ရှိ​ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ဇန်နဝါရီလ ၃၀ ရက်​နေ့၊ ​နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကု ပြည်သူ့​ဆေးရုံကြီး၊ ကင်ဆာ​ရောဂါ ကုသ​ဆောင်သို့ ​ရောက်ရှိခဲ့ကြပြီး ကင်ဆာဆေးသွင်း ကုသမှုပေးခြင်း၊ ကင်ဆာ​ရောဂါ ကျန်းမာ​ရေး​စောင့်​ရှောက်လုပ်ငန်းများ ​ဆောင်ရွက်​ပေးခြင်း အခြေအ​နေများကို ကြည့်ရှုအား​ပေးခဲ့ကြသည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က ကင်ဆာ​ရောဂါကုသ​ဆောင်၌ တက်​ရောက်​ ဆေးကုသမှု ခံယူလျက်ရှိသည့် ကင်ဆာ​ရောဂါ​ဝေဒနာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ အား​ပေးစကား​ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ကင်ဆာ​ရောဂါ​ဝေဒနာရှင်များအတွက် လိုအပ်သည့် ​ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ ​ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကု ပြည်သူ့​ဆေးရုံကြီး၊ ကင်ဆာ​ရောဂါကုသ​ဆောင်အတွက် အလှူ​ငွေများပေးအပ်လှူဒါန်းခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ကင်ဆာ​ရောဂါ​ဆောင် ပြင်ပ​ဆေးကုသဌာနတွင် ကျန်းမာ​​ရေး ​စောင့်​ရှောက်မှုများ ​​ဆောင်ရွက်​ပေး​နေခြင်းအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ပြီး ကျန်းမာ​ရေးဦးစီးဌာန၊ ကုသ​ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်​တွေ့ဆုံ၍ ​ဆေးရုံအတွက် လိုအပ်သည်များကို ဖြည့်​ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကု ပြည်သူ့​ဆေးရုံကြီး၊ ကင်ဆာ​ရောဂါကုသ​ဆောင်တွင် ကင်ဆာရောဂါ ကျန်းမာ​ရေး​စောင့်​ရှောက် ကုသမှုများ ​ဆောင်ရွက်​ပေးလျှက်ရှိရာမှ တစ်နှစ်ထက်တစ်နှစ် ဆေးကုသမှုခံယူသော ကင်ဆာရောဂါဝေဒနာသည်များ ထပ်မံများပြားလာခြင်း​ကြောင့် ခုတင် (၅၀) ဆံ့ ကင်ဆာ​ရောဂါဆေးကုသဆောင် (၂) နေရာ တိုးချဲ့ခဲ့ပြီး မွန်ပြည်နယ်သာမက နီးစပ်ရာ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း​ဒေသကြီးတို့မှ ကင်ဆာ ရောဂါဝေဒနာရှင်များကိုပါ ကျန်းမာ​ရေး​စောင့်​ရှောက်မှု​လုပ်ငန်းများ ​အရည်အသွေး ပြည့်မီစွာ ကုသ ဆောင်ရွက်​ပေး​လျက်ရှိ​ကြောင်း သိရှိရသည်။





You may also like