Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- နယ်မြေအခြေအနေ အ​ကြောင်းအမျိုးမျိုးအရ ​ရောက်ရှိလာကြသော ယာရီ​နေရပ်စွန့်ခွာသူများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့​ပေးအပ်ပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- နယ်မြေအခြေအနေ အ​ကြောင်းအမျိုးမျိုးအရ ​ရောက်ရှိလာကြသော ယာရီ​နေရပ်စွန့်ခွာသူများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့​ပေးအပ်ပွဲ အခမ်းအနား တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ​ဖေ​ဖော်ဝါရီ ၂
ကရင်ပြည်နယ်အတွင်းမှ နယ်မြေအခြေအနေ အ​ကြောင်းအမျိုးမျိုးအရ  မွန်ပြည်နယ်အတွင်းသို့ ​ရောက်ရှိလာကြသော ယာရီ​နေရပ်စွန့်ခွာသူများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့​ပေးအပ်ပွဲ အခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၂ ရက်​နေ့၊ မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ဗုဒ္ဓဃောသ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်​ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဗုဒ္ဓဃောသဘုန်းကြီးကျောင်း ဆရာ​တော်ကို ဖူး​မြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က အား​ပေးအမှာစကား​ပြောကြားရာတွင် မွန်ပြည်နယ်သို့ နယ်မြေအခြေအနေ ရောက်ရှိလာကြသော ယာရီ​နေရပ်စွန့်ခွာသူများအတွက် များစွာစိတ်မ​ကောင်းဖြစ်မိပါ​ကြောင်း၊ လိုအပ်သည်များကို ကူညီဖြည်းဆည်း​ ​ဆောင်ရွက်​ပေးနိုင်ရန် ယခုကဲ့သို့ လာ​ရောက်​ ထောက်ပံ့​ပေးရခြင်း ဖြစ်​ကြောင်း၊ ​နေထိုင် စား​သောက်မှုများ အဆင်​ပြေ​ချော​မွေ့​စေ​ရေးအပြင် ကျန်းမာ​ရေး ​စောင့်​ရှောက်မှုများ ကိုပါ ​ဆောင်ရွက်​ပေးထား​ကြောင်းနှင့် လိုအပ်သည်များကိုလည်း ​ဖြည့်ဆည်းဆောင်ရွက်​ပေးသွားမည် ဖြစ်​ကြောင်းဖြင့် ​ ​ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ မွန်ပြည်နယ်အတွင်းသို့ ​ရောက်ရှိလာကြသော ယာရီ​နေရပ်စွန့်ခွာသူ (၂၈၈) ဦးအတွက် ​ထောက်ပံ့​ငွေများ၊ ဆန်၊ ကြက်ဥနှင့် စားနပ်ရိက္ခာများ၊ ကျန်းမာ​ရေးသုံးပစ္စည်းများ ​ထောက်ပံ့​ပေးအပ်ခဲ့ကြသည်။
အဲဒီ​နောက် တိမ်းရှောင်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်အတွင်းသို့ လာ​ရောက်တည်းခို​နေထိုင်လျက်ရှိသည့် ယာရီ​နေရပ်စွန့်ခွာသူများကို ရင်းရင်းနှီးနှီး​တွေ့ဆုံ အား​ပေးခဲ့သည်။




You may also like