Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ဖေ​ဖော်ဝါရီ ၅
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မ​ရွေး ကိုယ်လက်လှုပ်ရှား အားကစား ​ဆောင်ရွက်နိုင်​​ရန် အားကစားနည်းအလိုက်ပြိုင်ပွဲများ ကျင်းပပြုခြင်းများ ​​ဆောင်ရွက်လျက်ရှိရာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ​ဖေ​ဖော်ဝါရီ ၅ ရက်​နေ့၊နံနက်ပိုင်းက မော်လမြိုင််မြို့၊ ငန်း​တေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်​ရောက်သည်။
​ရှေ့ဦးစွာ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများက ကွင်းအတွင်းသို့ စနစ်တကျ ​နေရာယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က  မွန်ပြည်နယ်အတွင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ​ရှေ့ရှု့လျက် အားကစားကဏ္ဍဘက်​ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေဖို့​ရေး အ​လေးထား​ဆောင်ရွက်လျက်​ရှိကြောင်း၊ ဂေါက်သီးရိုက်အားကစားနည်းကို အသက်ငယ်လူငယ်၊ လူရွယ်များထက်  သက်လတ်ပိုင်းနှင့် လူကြီးပိုင်းများက စိတ်အပန်းဖြေရန်၊ ကျန်းမာရေးကောင်းမွန်စေရန် ၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်​ပေးခြင်း ဖြစ်ပါ​ကြောင်း၊ မိမိ ခန္ဓာကိုယ်အနေအထားနှင့် လိုက်ဖက်တဲ့ အားကစားလေ့ကျင့်ခန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ပျော်ရွှင်မှုများ ရရှိနိုင်စေခြင်း ၊ သက်တူရွယ်တူ အချင်းချင်း အားပေးဖော်များ ကောင်းမွန်စေခြင်း၊ အသင်းအဖွဲ့နှင့်နေတတ်ခြင်း၊ ကောင်းသောယှဉ်ပြိုင် လိုစိတ် အလေ့အထကို ရရှိစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်​ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများ အ​နေဖြင့် ဂေါက်သီးရိုက် အားကစားနည်းရဲ့”တည့်အောင်ချိန် ပြေးအောင်ရိုက် နီးအောင်ပို့ ကပ်အောင်တင် ဝင်အောင်သွင်း” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကြိုးစားယှဉ်ပြိုင်သွားကြရန် မှာကြားလို​ကြောင်းဖြင့် ​ပြောကြားခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြိုင်ပွဲကို ကာလာဘော်လုံးတို့အား ရိုက်၍ စတင်ဖွင့်လှစ်​ပေးခဲ့ပြီး တစ်ဦးချင်း၊ အသင်းလိုက်၊ တန်းအလိုက် ၊ အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားများ တ​ပျော်တပါး ဝင်​ရောက် ယှဉ်ပြိုင်​နေကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယ​နေ့ နံံနက်ပိုင်းက မော်လမြိုင််မြို့၊ ငန်း​တေးဂေါက်ကွင်း၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး ဧည့်သည်​တော်များနှင့်  မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီး ​ဂေါက်သီးရိုက် အားကစားသမား (၂၀၀) ဦးတို့မှ  ပါဝင်​ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲဝင် အားကစားသမားများက ပြိုင်ပွဲပုံစံ Handicap ဖြင့်လည်း​ကောင်း၊ System 36 ဖြင့် ကျင်း(၁၈) ကျင်း ယှဉ်ပြိုင်ကစားမှုပြိုင်ပွဲပုံစံဖြင့် လည်း​​ကောင်း ပါဝင်ယှဉ်ပြိုင် ဆင်နွဲ့ ခဲ့ကြ​​ကြောင်း သိရှိရပါသည်။












You may also like