
(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ်၊ တာပတွန်ကျေးရွာ ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတားဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းက မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာ၊ ကုန်ထုတ်လမ်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားကို ဘင်ခရာနှင့် ပန်ပွားအဖွဲ့ ကျောင်းသူ၊ ကျောင်းသားလေးများမှ အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အတွင်း ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို အထူးအလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရာ ကျေးလက်နေပြည်သူများ၏ လူနေမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာလူမျိုးတို့အဖို့ ဆန်စပါးသည် အဓိကစားသောက်ကုန်ဖြစ်သည့် အတွက် ဈေးကွက်သို့ တွင်ကျယ်စွာရောင်းချနိုင်ရန် ကုန်ထုတ် လမ်းတံတားသည် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် လျင်မြန်စွာ ရောက်ရှိနိုင်စေရန် သယ်ပို့ပေးနိုင်မည့် အထောက်အကူပြု လမ်း၊ တံတားဖြစ်သလို နွေ၊ မိုး၊ ဆောင်းရာသီမရွေး ဖြတ်သန်းသွားလာ နိုင်ခြင်း၊ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ လျင်မြန်စွာရောက်ရှိနိုင်ခြင်း၊ ကောက်ပဲသီးနှံများ သယ်ယူပို့ဆောင်ချိန်တွင် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေခြင်း၊ အချိန်ကုန်သက်သာစေခြင်းစသော အထောက်အကူများ ရရှိလာမှာဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့် ပြည်သူများအကျိုးအတွက် ကျေးလက်လမ်း၊ တံတားများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးလျက်ရှိသလို ဒေသခံပြည်သူများအနေဖြင့်လည်း လမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မွန်ပြည်နယ် ကျေးလတ်ဒေသဖွံ့ဖြိုး တိုးတတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင် က တာပတွန်ကျေးရွာ ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတား လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကာ ကုန်ထုတ်လမ်း၊ တံတားဖွင့်ပွဲ အထိမ်းအမှတ် တံဆိပ်များ ပေးအပ်ခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တာပတွန်ကျေးရွာ ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတားတို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
၂၀၂၃ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ် ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့အထိမ်းအမှတ်နေ့များ အနက် ကမ္ဘာသူ၊ ကမ္ဘာသားများ နေ့စဉ်ဖြတ်သန်းလျက်ရှိသည့် စားရေး၊ ဝတ်ရေး၊ နေရေးဆိုသည့် အရေး သုံးပါးနှင့် ပတ်သက်ပြီး စားသုံးသူများကို ကာကွယ်ပေးဖို့၊ မျှတသော စီးပွားရေး စနစ်ကို ဖော်ဆောင်ရန်၊ စီးပွားရေး ကျင့်ဝတ်နှင့်အညီဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းရှင်များကို အားပေးရန် အတွက် ကမ္ဘာ့နိုင်ငံတိုင်းမှာ အလေးအနက် ထား ဆောင်ရွက်လျက်ရှိ ကြောင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားများကို ကျင်းပပြီး စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင် များကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး စာသုံးသူများ အနေနှင့်လည်း မိမိ၏အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်ပြီး မိမိတို့၏ အခွင့်အရေး နှင့်အကျိုးစီးပွားများကို စားသုံးသူများ အနေဖြင့် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင် တွင် ကျန်းမာစွာ နေထိုင်နိုင်ပြီး ၎င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်တွင် စဉ်ဆက်မပြတ် ထုတ်လုပ်မှုပုံစံများ ပြုန်းတီး ယုတ်လျော့သွားခြင်း မရှိစေရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံအသီး သီး၏ အစိုးရများမှ မူဝါဒများ၊ ဥပဒေမူဘောင် များ၊ စည်းမျဉ်းစည်း ကမ်းများဖြင့် ထိန်းညှိဆောင်ရွက်ရန် စားသုံးသူများအနေနှင့်လည်း လိုက်နာဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များ မိမိတို့၏လိုက်နာ ရမယ့် တာဝန်ဝတ္တရားများကိုအလေးထားပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clipအား ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
မွန်ပြည်နယ် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီများဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိကြန်ရန် လိုအပ်ကြောင်း၊ မြန်မာတို့၏ရိုးရာ မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို အနှစ်သာရရှိရှိဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပ ပြုလုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားကျင်းပရေး ကော်မတီဝင်များက မွန်ပြည်နယ် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။