Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁ / ၂၀၂၃) အစည်းအ​ဝေး၊ ၂၀၂၃ ခုနှစ်၊  (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သူများ အားလုံးကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနား၊ FIFA – MFF U-15 Youth Football League 2023 ဘောလုံးပြိုင်ပွဲသို့ မွန်ပြည်နယ်ကိုယ်စားပြု U-15 ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁ / ၂၀၂၃) အစည်းအ​ဝေး၊ ၂၀၂၃ ခုနှစ်၊  (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သူများ အားလုံးကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနား၊ FIFA – MFF U-15 Youth Football League 2023 ဘောလုံးပြိုင်ပွဲသို့ မွန်ပြည်နယ်ကိုယ်စားပြု U-15 ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

by Mon Editor

မော်လမြိုင်၊ မတ် ၃၁
မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁ / ၂၀၂၃) အစည်းအ​ဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ၃၁ ရက်​နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောာင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဝင်များ တက်​ရောက်သည်။
အစည်းအ​ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စိုက်ပျိုး​ရေးကို အ​ခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့် အညီ စိုက်ပျိုးလယ်ယာမြေများအား စပါးနှင့် ဆီထွက်သီးနှံများ ဆက်လက်စိုက်ပျိုး လုပ်ကိုင်နိုင်​ရေး အ​လေးထား​ဆောင်ရွက်ကြရမည် ဖြစ်​ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် ​မြေရိုင်းများ လုပ်ပိုင်ခွင့်၊ လယ်ယာ​မြေများအား အခြားနည်းအသုံးပြုခွင့်များ တင်ပြ​​လျှောက်ထားလာမှုများအ​ပေါ် ​ ဥပ​ဒေ နည်းဥပ​ဒေများနှင့် အညီ ဆောင်ရွက်ကြမည်ဖြစ်​ကြောင်း၊ ​ကျေးရွာများအတွင်းရှိ လယ်ယာ​မြေများ​ပေါ်တွင် စိုက်ပျိုးထားမှုမရှိဘဲ အ​ကြောင်းမဲ့ လှပ်​မြေများ မဖြစ်​စေ​ရေး၊ သီးနှံများအား စနစ်တကျ စိုက်ပျိုးကြ​စေ​ရေး ထိန်းသိမ်းကြပ်မတ်​ဆောင်ရွက်ကြရန် အ​ရေးကြီးကြောင်း၊ သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ များအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး၍ ပြည်သူများ၏  လိုအပ်ချက်များကိုလည်း အလေးထား ဆောင်ရွက်ပေးနိုင်ကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
အဲဒီ​နောက် ပြည်နယ်လယ်ယာ​မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန  ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဒဏ်ကြေးငွေသတ်မှတ်တင်ပြခြင်း၊ ​​လျော်​ကြေး​ငွေ သတ်မှတ်တင်ပြခြင်း၊ သီးနှံ​လျော်​ကြေးတွက်ချက်တင်ပြလာခြင်း၊  ခရိုင်/မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ပြန်လည် တင်ပြလာသည့် ကိစ္စရပ်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြ​ပြီးလိုအပ်သည်များကို ပြည်နယ်ဝန်​​ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း​ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၂၀၂၃ ခုနှစ်၊  (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သူများကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ယ​နေ့​နေလယ်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က  (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား၌ မွန်ပြည်နယ်​နေ့အတွက် အဘက်ဘက်မှ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပံ့ပိုးခြင်း၊ ကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ​ဆောင်ရွက်​ပေးခဲ့ကြသည့် ဝန်ထမ်းများ၊ အသိ ပညာရှင်များ၊ အတတ်ပညာရှင်များအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြု​ကြောင်း၊ မွန်ပြည်နယ်နေ့ကို ယခင်နှစ်များထက် ပိုမိုသာလွန် ကောင်းမွန် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ပြီး မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ MSMEs ပြခန်းများ၊ ဒေသထွက်ကုန်ပြခန်းများ၊ ရိုးရာအစားအစာအရောင်းဆိုင်များ ခင်းကျင်းပြသရခဲ့မှုအ​ပေါ် အဓိကရည်ရွယ်ချက်ကတော့ မွန်တိုင်းရင်းသား လူငယ်၊ လူရွယ်များ၏ အသိပညာတိုးပွားစေရန်၊ မွန်ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် မွန်တို့ရဲ့ ရှေးကျတဲ့ အနုပညာကို သိရှိနားလည် စေရန်နှင့် ပြည်သူများအသိပညာတိုးပွားစေရန် ဆောင်ရွက်​ပေးရခြင်းဖြစ်​ကြောင်း၊ ထို့အပြင် ဂုဏ်ပြုချီးမြှင့်ထိုက်သော ဂုဏ်ထူးဆောင်ဆုရရှိသူ ရဟန်း၊ လူပုဂ္ဂိုလ် (၁၄၃)ဦးအနက် လူပုဂ္ဂိုလ် (၁၃၁)ဦးကို အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဘာသာ၊ သာသနာထူးချွန်မှု ဂုဏ်ထူးဆောင် ဆုတံဆိပ်ရရှိသည့် ဆရာတော် (၁၂) ပါးကိုလည်း တာဝန်ရှိသူများက လာ​ရောက်ဆက်ကပ်ပူ​ဇော်ခဲ့ပါ​ကြောင်း၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားအပြင် မွန်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားများအားလုံးကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့သည့် အတွက် အဖက်ဖက်မှ ဝိုင်းဝန်း ဆောင်ရွက်​ပေးကြသူများကိုလည်း အထူးပင် ​ကျေးဇူးတင်ရှိပါ​ကြောင်းဖြင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
အဲဒီ​နောက် ဂုဏ်ပြု​နေ့လည်စာတည်ခင်းဧည့်ခံပွဲကို တက်​ရောက်လာကြသူများအား ဂုဏ်ပြု​နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သူများအား ရင်းရင်းနှီးနှီး​တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
FIFA – MFF U-15 Youth Football League 2023 ဘောလုံးပြိုင်ပွဲသို့ မွန်ပြည်နယ်ကိုယ်စားပြု U-15 ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်ရဲ့ အားကစားအဆင့် အတန်းတိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုး​ဆောင်ရွက်​ပေးလျက်ရှိရာ မြန်မာနိုင်ငံဘောလုံး အားကစားအဆင့်အတန်း တိုးတက် မြင့်မား စွာဖြင့် အောင်မြင်မှုများရရှိရေးအတွက် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ဝင်​ရောက်ယှဉ်ပြိုင်နိုင်​ရေး အ​လေးထား ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ FIFA – MFF U-15 Youth Football League 2023 ပြိုင်ပွဲသည် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် League ပြိုင်ပွဲ ဖြစ်သလို လူငယ်မျိုးဆက်သစ်တို့ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာစေရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲ စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး ၊ မျိုးဆက်သစ် လူငယ် ကစားသမားများ ထွက်ပေါ်လာရေး ၊ FIFA, AFC, လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင်မြင်မှုရရှိရေးတို့အတွက် ရည်ရွယ်ပြီးကျင်းပတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်​ကြောင်း၊ လူငယ်ဘောလုံးပွဲတွေကို စဉ်ဆက်မပြတ် ပြုလုပ်ပေးခြင်းအားဖြင့် ကလေးလူငယ်တွေကြားမှာ ဘောလုံးကို ပိုမိုစိတ်ဝင်စား လိုက်ပါကစားလာနိုင် ကြမှာဖြစ်သလို မျိုးဆက်သစ် အားကစား​လူငယ်​လေးများအတွက် များစွာအထောက်အကူပြုစေမှာ ဖြစ်သလို အနာဂါတ်မြန်မာ့လက်ရွေးစင် အသင်း အဆင့်ဆင့်အတွက် တစ်ချိန်မှာ အားထားရနိုင်မယ့် မျိုးဆက်သစ် ကစားသမားကောင်များ မွေးထုတ်ပေးနိုင်မှာဖြစ်​​ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများသည် အသက်(၁၅)နှစ်အောက် အားကစား သမားများဖြစ်တာကြောင့် ၎င်းတို့ရဲ့ပညာရေးကိစ္စသည် အလေးထား စဉ်းစား ရကြရန်လို​ကြောင်း၊ ထို့အတွက် ပြည်နယ် အနေနဲ့ အဆင့်မှီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးကြပါရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မွန်ပြည်နယ် ​ဘော်လုံးဆပ်​ကော်မတီဝင်များ၏ တာဝန်ရှိသူများမှ မွန်ပြည်နယ်ကိုယ်စားပြု U-15 ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ​ဆောင်ရွက်ထားရှိမှုအ​ခြေအ​နေများနှင့် ရှင်းလင်းတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်​ဆွေး​နွေး အကြံပြုတင်ကြ၍ ပြည်နယ်ဝန်​​ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း​ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

You may also like