
မော်လမြိုင်၊ ဧပြီ (၂)
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ကျိုက်တမော့တောင်ပေါ်ကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဓဝံသမဟာထေရ်၊ သက်တော်(၉၀)နှစ်၊ သိက္ခာတော်(၇၁)ဝါ၊ ရတ္တညူမဟာနာယက ရွှေကျင်ဂိုဏ်းချုပ်ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ခြင်္သေကျောင်းပရိ့ယတ္တိ့စာသင်တိုက် သီဟရာဇာစမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပင့်သံဃာဆရာတော်ကြီးများ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူ များတက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ကမာဝက်မြို့၊ ခြင်္သေ့ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒကုမာရ ထံမှ ဩဝါဒကထာနှင့် သီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ကြကာ မုဒုံမြို့နယ်၊ ဂုံညှင်းတန်းဆရာတော် ဘဒ္ဒန္တညာဏမှ ရက္တညူမဟာနာယက ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်၏ ကိုယ်ရေးအကျဉ်းနှင့် အတ္တုပ္ပတ္တိအား ဖတ်ကြားရှင်းလင်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရွှေကျင်ဂိုဏ်းချုပ်ဆရာတော်ထံ သာသနာတော်ဆိုင်ရာ ဂုဏ်ပြု ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်၊၊ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ရွှေကျင်ဂိုဏ်းချုပ်ဆရာတော်ထံ သာသနာတော်ဆိုင်ရာ ဂုဏ်ပြု ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းခြင်းနှင့်ပက်သက်ပြီး သာသနာရေးဆိုင်ရာများလျှောက်ထားကာ ခြင်္သေ့ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒကုမာရ ထံမ
လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြကြောင်းသိရသည်။