Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ် လူထုကျန်းမာရေး စောင့်ရှောက်မှု ဆန်းစစ်ဆွေးနွေးပွဲတွင် ဆုရရှိသည့် မြို့နယ်များအား ဆု ချီးမြှင့်ခြင်းအခမ်းအနားနှင့်ဆေးဘက်ကျွမ်းကျင်(၄)(ဓါတ်မှန်/ဆေးစပ်) နှင့် စိစစ်ရေးမှူး(၄)(ဆေးမှတ်တမ်း)များ (၆)လသင်တန်း သင်တန်း ဆင်းပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ် လူထုကျန်းမာရေး စောင့်ရှောက်မှု ဆန်းစစ်ဆွေးနွေးပွဲတွင် ဆုရရှိသည့် မြို့နယ်များအား ဆု ချီးမြှင့်ခြင်းအခမ်းအနားနှင့်ဆေးဘက်ကျွမ်းကျင်(၄)(ဓါတ်မှန်/ဆေးစပ်) နှင့် စိစစ်ရေးမှူး(၄)(ဆေးမှတ်တမ်း)များ (၆)လသင်တန်း သင်တန်း ဆင်းပွဲ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ဧပြီ ၃
မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေး ပြည့်မီစွာ ရရှိစေရေး အထူးအ​လေး​ထား ဆောင်ရွက်​လျက်ရှိ​ရာ မွန်ပြည်နယ် လူထုကျန်းမာရေး စောင့်ရှောက်မှု ဆန်းစစ်ဆွေးနွေးပွဲတွင် ဆုရရှိသည့် မြို့နယ်များအား ဆု ချီးမြှင့်ခြင်းအခမ်းအနားနှင့်ဆေးဘက်ကျွမ်းကျင်(၄)(ဓါတ်မှန်/ဆေးစပ်) နှင့် စိစစ်ရေးမှူး(၄)(ဆေးမှတ်တမ်း)များ (၆)လသင်တန်း သင်တန်း ဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ  ၃ ရက်​နေ့၊ နံနက်ပိုင်းက၊ ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဠာနဆိုင်ရာ တာဝန်ရှိသူများ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပြည်သူလူထု၏ ကျန်းမာရေးအတွက် ကျန်းမာရေးအဆင့်မြှင့်တင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသ ရေးနှင့် ကျန်းမာမှုပြန်လည် ထူထောင်ရေးလုပ်ငန်းများအား အကောင် အထည်ဖော် ဆောင်ရွက်လျှက် ရှိပါ​ကြောင်း၊  ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အရည်အသွေး ပြည့်မီစွာ ရရှိစေရေး အထူးအ​လေး​ပေး ဆောင်ရွက်​လျက်ရှိ​ကြောင်း၊ ပြည်သူများ ကျန်းမာရေးပြုစုစောင့်ရှောက်မှု တိုးတက်စေရေးအတွက် စွမ်းဆောင်ရည် အရည်အသွေးပြည့်ဝသော အကူသူနာပြုများကို စနစ်တကျ လက်တွေ့လေ့ကျင့်သင်ကြားမှုပေးနိုင်ရန် ရည်ရွယ်၍ အကူသူနာပြု သင်တန်းများ ​ဖွင့်လှစ်ပို့ချရခြင်း ဖြစ်​ကြောင်း ၊ သင်တန်းသား/သူတို့ အနေဖြင့် သင်တန်းမှ သင်ကြားလိုက်သော သင်ခန်းစာများကို မွန်ပြည်နယ်ရှိ ပြည်သူလူထု၏ အကျိုးအတွက် တိတိကျကျလက်တွေ့ အသုံးချ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းမှ သင်ကြားလိုက်သော သင်ခန်းစာများကို မိမိ၏ ကိုယ်ပိုင်အရေးကိစ္စလို သဘောထားပြီး စေတနာထား ဆောင်ရွက်ပေးကြရန်၊  ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရေး၊ သင်တန်းသား/သူများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအားလုံး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ကျန်းမာ ရေးစောင့်ရှောက်မှု အရည်အသွေး အပြည့်အဝပေးခြင်းဖြင့် ပြည်သူလူထုကို မိမိတို့တတ်နိုင်တဲ့ဘက်က အထူး ဂရုစိုက်ပြီး ဆောင်ရွက် ကြပါလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယိအတွငိး လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်မှု ဆုရရှိသည့်မြို့နယ်များ၊ ဆေးဘက်ကျွမ်းကျင်(၄) (ဓါတ်မှန်)၊ ဆေးဘက် ကျွမ်းကျင်(၄) (ဆေးစပ်)၊ စိစစ်ရေးမှူး(၄)(ဆေးမှတ်တမ်း) တို့တွင် ဆုရရှိသူများအား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ၊ တာဝဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ရင်းရင်းနှီးနှီး​တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

You may also like