
မော်လမြိုင်၊ ဧပြီ ၅
မွန်ပြည်နယ်အတွင်းစားနပ်ရိက္ခာဖူလုံစေရေး အတွက် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထားဆောင်ရွက်ရာ မွန်ပြည်နယ်အတွင်း ဈေးကွက်ဝင်ငါးမျိုးဖြစ်သော ငါးတန်ငါးများစီးပွားဖြစ်ငါးမွေးမြူရေး ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် အနေဖြင့်“တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး”အား အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်လျှက်ရာ “စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မှီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးစေရေး အထူးအလေးထား ဆောင်ရွက်လျက််ရှိပါကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်မှီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတွင် စနစ်တကျမွေးမြူဆောင်ရွက်နိုင်ကြစေသလို ငါးလုပ်ငန်းကဏ္ဍဖြင့် နိုင်ငံတော်ရဲ့ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးမွေးမြူ ရေးလုပ်ငန်း များဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေးအတွက် အထောက်အကူ ဖြစ်ကြောင်း၊
မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော် အနေဖြင့်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငါးမွေးမြူ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မွေးမြူရေးလုပ်ငန်းရှင်များ ရင်ဆိုင် နေရသောအခက်အခဲများ၊ တစ်ပိုင်တစ်နိုင်ငါးမွေးမြူရေးလုပ်များကိုလည်း တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးကြရန်ဖြင့်၊ စီးပွားဖြစ် ငါးမွေးမြူရေး လုပ်ကိုင်လိုသူများကိုလည်း ဖိတ်ခေါ်ပါကြောင်းနှင့် ပြည်နယ်အတွင်း စီးပွားဖြစ် ငါးမွေးမြူရေးလုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းမှ မွန်ပြည်နယ်အတွင်း စျေးကွက်ဝင်ငါးတန်များ မွေးမြူပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများကပြည်နယ်အတွင်း ငါးမွေးမြူရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များကိုတင်ပြခဲ့ကြ၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး အကြံပြုတင်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။