Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-  အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၆ ) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ပိုစတာပြိုင်ပွဲ တက် ရောက် ကြည့်ရူ့အားပေး၊ မွန်ပြည်နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ​ပျော်ရွင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေး ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေး၊

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-  အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၆ ) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ပိုစတာပြိုင်ပွဲ တက် ရောက် ကြည့်ရူ့အားပေး၊ မွန်ပြည်နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ​ပျော်ရွင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေး ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေး၊

by Mon Editor

မော်လမြိုင်၊ ဧပြီ ၆
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်​နေ့တွင်ကျ​ရောက်​မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၆ ) ကြိမ်မြောက် ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲကို ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ တက်​ရောက်၍ အခြေခံ ပညာကျောင်းပေါင်းစုံမှ ၀င်ရောက် ယှဉ်ပြိုင်နေကြသည့် ကျောင်းသား ကျောင်းသူများ၏ ပန်းချီနှ ကာတွန်းပိုစတာများ ရေးဆွဲနေမှုအား လှည့်လည်ကြည့်ရူ့ အားပေးခဲ့ကြသည်။
အဆိုပါ အပြည်ပြည် ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှု နှင့် တရား မဝင် ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ်  (၂၆ ) ကြိမ်မြောက် မူလတန်း၊အလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ​ကျောင်းသား၊ ​ကျောင်းသူ (၆၆ )ဦး၊ ပိုစတာ ပြိုင်ပွဲတွင် (၇၁) ဦး နှင့် ကာတွန်းပြိုင်ပွဲ တွင် (၃၈ )ဦး စုစုပေါင်း (၁၇၅) ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဧပြီလ ၇ ရက်နေ့တွင် ကွန်ပျူတာပန်းချီ ၊ ကာတွန်းပြိုင်ပွဲအား ဆက်လက်ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကာ  အပြည်ပြည် ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှု နှင့် တရား မဝင် ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုရရှိသူများအား  ဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်​ကြောင်းသိရှိရသည
မွန်ပြည်နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ​ပျော်ရွင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေးသက်ဆိုင်ရာ

ကဏ္ဍအလိုက် ကြိုတင် စီစဉ်​ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန််ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယ​နေ့နံနက်ပိုင်းက မြန်မာတို့၏ရိုးရာ မြန်မာ့ယဉ်​ကျေးမှု မဟာသင်္ကြန်ပွဲ​တော်ကြီး ​အေးချမ်းလုံခြုံစွာဖြင့် ပျော်ရွင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေး​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေးခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို စီစဉ်​ဆောင်​ဆောင်ရွက်ထားရှိကြန်ရန်၊ မြန်မာ့ယဉ်​ကျေးမှု မဟာသင်္ကြန်ပွဲ​တော်ကြီးကို အနှစ်သာရရှိရှိဖြင့်  စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပနိုင်​ရေး ​ဆောင်ရွက်​ပေးကြရန်ိ  လမ်းလွှန်မှာကြားခဲ့သည်။

You may also like