
မော်လမြိုင်၊ မတ် ၈
၂၀၂၃ ခုနှစ် မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲ “ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ” အခမ်းအနားကို ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားကစားဝါသနာရှင်များ၊တက်ရောက်ခဲ့သည်။
ဥိးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကျိုက်မရောမြို့နယ်ဘောလုံးအသင်းနှင့် သထုံမြို့နယ်ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားနေမှုကိုကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများ၊ တံခွန်စိုက် ဒိုင်းဆု များအသီးသီးပေးအပ်ချီး မြှင့်ခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာကျောင်းများမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းဝင်း အတွင်း၊ အပြင်နှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပတိရုပ် ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးကြရန်၊ ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်ရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများကိုလည်း
ဝိုင်းဝန်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စာသင်ကျောင်းဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် ပုံမှန် ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။
မွန်ပြည်နယ်အတွင်းစားနပ်ရိက္ခာဖူလုံစေရေး အတွက် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထားဆောင်ရွက်ရာ မွန်ပြည်နယ်အတွင်း ဈေးကွက်ဝင်ငါးမျိုးဖြစ်သော ငါးတန်ငါးများစီးပွားဖြစ်ငါးမွေးမြူရေး ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယနေ့နက်ပိုင်းက ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာ၊ ငါးတန်မွေးမြူရေး (၅၂) ဧက (၂) လက်မ၊ (၅) လက်မ၊ မွေးမြူလျက်ရှိသည့် ငါးမွေးမြူရေးအကောင်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းမှ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးးချုပ်က ငါးမွေးမြူ ရေးလုပ်ငန်း များဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေးအတွက် အထောက်အကူ ဖြစ်ကြောင်း၊
မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော် အနေဖြင့်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငါးမွေးမြူ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မွေးမြူရေးလုပ်ငန်းရှင်များ ရင်ဆိုင် နေရသောအခက်အခဲများ၊ တစ်ပိုင်တစ်နိုင်ငါးမွေးမြူရေးလုပ်များကိုလည်း ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။