Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား တက်​​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား တက်​​ရောက်

by Mon Editor

မော်လမြိုင်၊ ဧပြီ ၁၄
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ် အဆက်ဆက်မှစပြီး ယ​နေ့အချိန်အထိ မပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်မှာ နှစ်ပရိ​စ္ဆေဒ ကြာ​ညောင်းလာပြီးဖြစ်၍
မွန်ပြည်နယ်အတွင်း မြန်မာရိုးရာမဟာသင်္ကြန်ပွဲ​တော်ကြီးကို အနှစ်သာရရှိရှိဖြင့်  ​ပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့ အတာသင်္ကြန်အကြိုနေ့ ညနေ ၆ နာရီ ခန့် က မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ဦးစွာ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့်ပြည်နယ် ၀န်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး ဇီဝိတဒါနငှက်လွှတ်ပေးခဲ့ကြသည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က နှစ်သစ်အမှာစကား​ပြောကြားရာတွင် တန်ခူးလဟူသည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်း သောကာလပဲဖြစ်ပြီး မွန်ပြည်နယ်၏ ဒေသခံလူမျိုးများသည်လည်း နှစ်ကုန်၍ နှစ်သစ်ကူးသည့် တန်ခူးလတွင် အလှူဒါန ပွဲများ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲကြခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းဘောဇဉ်များ ကပ်လှူခြင်း၊ ဗုဒ္ဓ ရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းအပြင် အခြား ကုသိုလ်ကောင်းမှုများ​ဆောင်ရွက်ကြခြင်းသည် မြတ်နိုးလေးစား ဖွယ်ကောင်းသော ယဉ်ကျေးမှုအစဉ်အလာ များနှင့်အညီ တစ်မျိုးသားလုံး နှစ်စဉ်ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ သင်္ကြန်ပွဲတော်က ထူးခြားသော အမျိုးသားရေးပွဲတော်များအဖြစ် မြန်မာတို့အနေဖြင့် ဂုဏ်ယူကြရဖွယ်ဖြစ်ပါ​ကြောင်း၊ သင်္ကြန်ထမင်းသည် မိမိတို့ပြည်နယ် အတွင်း အထင်ရှားဆုံး စတုဒီသာတစ်မျိုးဖြစ်ပြီး သင်္ကြန်ကာလ အတွင်း တည်ခင်းဧည့်ခံကျွေးမွေးသော အစားအစာဖြစ်သဖြင့် “သင်္ကြန်ထမင်း” ဟု နာမည်ကြီးခဲ့ခြင်းဖြစ်​ကြောင်း၊ ပုဂံခေတ်များမှစ၍ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ် ကာလများသည့်တိုင်အောင် အတာကူးသော တန်ခူးလဖြင့် ရေပွဲတော်၊ သင်္ကြန်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်မှာ မြင်တွေ့ နေရတာ ဖြစ်​ကြောင်း၊ မဟာသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်ကြောင်း ကမ္ဘာမှ သိရှိ စေရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဖော်ထုတ်ဆောင်ရွက် သွားရမှာဖြစ်တဲ့အတွက် ယခုမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်းကမ်း ရှိသော သင်္ကြန်ပွဲတော်အဖြစ် ပျော်ရွှင်စွာ ရေကစားနေကြသည့် ပုံရိပ် များကို ဖော်ထုတ်ကြရန်အပ်​ကြောင်း၊ မင်္ဂလာရှိသော နှစ်သစ်အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာ၍ နှစ်ဟောင်းမှ အညစ်အကြေးများ၊ အခက်အခဲများကို ကျော်လွှားပြီး စိတ်သစ်၊ လူသစ်၊ အားမာန်သစ်များဖြင့် အများအကျိုး၊ ဒေသအကျိုး၊ အမျိုးဘာသာ သာသနာအကျိုး၊ နိုင်ငံ့အကျိုးတို့ကို ဆထက်  ထမ်းပိုး ပိုမိုသယ်ပိုးနိုင်ကြပါစေလို့ မင်္ဂလာတရားများနှင့်ပြည့်စုံကြ ပါစေကြောင်း နှစ်သစ်ကူးဆု တောင်းမေတ္တာပို့သအပ်ပါ​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးမှင့် ပြည်နယ်ဝန်ကြီးများက လှပျိုဖြူလေးများ၏ ယိမ်းအကအလှ​များဖြင့် ဖျော်ဖြေတင်ဆက်နေမှုများ ကိုကြည့်ရှုအားပေးခဲ့ကြပြီး လှပျိူဖြူလေးများနှင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များအား အတာ​ရေစင် အမွှေးနံသာရေများကို သပြေခတ်ဖြင့် ပတ်ဖြန်းခဲ့ကြသည်။
အလားတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားနှင့် ​မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ မွန်မင်းလမ်းအပန်းဖြေနာနေစခန်း သင်္ကြန်မဏ္ဍပ်အား ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ၀န်ကြီးများနှင့် တာဝန်ရှိသူများမှ  တက်​ရောက်ကြ၍ ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး လှပျိဖြူလေးများ၏ ယိမ်းအကဖျော်ဖြေနေမှုများကို ကြည့်ရှူ၍ အတာ​ရေစင််အမွှေးနံသာရေးများဖြင့် ပတ်ဖျန်းခဲ့ကြောင်းသိရှိရသည်။

You may also like