Home ဘာသာရေး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ကျိုက်သလ္လံ စေတီတော် ၀တ်အသီးသီးတို့မှ ဗုဒ္ဓရုပ်ပွားတော်များ အသစ်ပြုပြင်ရောင်တော်ဖွင့်ခြင်း၊ မြေထိန်းနံရံတံတိုင်းပေါ်ရှိ မြန်မာမှုစိန်တောင်များပြုလုပ်ပြီးစီးပြီ ဖြစ်ပါသောကြောင့် ဒေသအသီးသီးမှ သဒ္ဒါကြည်လင် ကုသိုလ်ရှင် အပေါင်းတို့၏ လှူဒါန်းမှုအစုစုတို့ ရေစက် သွန်းချအမျှပေးဝေခြင်းအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ကျိုက်သလ္လံ စေတီတော် ၀တ်အသီးသီးတို့မှ ဗုဒ္ဓရုပ်ပွားတော်များ အသစ်ပြုပြင်ရောင်တော်ဖွင့်ခြင်း၊ မြေထိန်းနံရံတံတိုင်းပေါ်ရှိ မြန်မာမှုစိန်တောင်များပြုလုပ်ပြီးစီးပြီ ဖြစ်ပါသောကြောင့် ဒေသအသီးသီးမှ သဒ္ဒါကြည်လင် ကုသိုလ်ရှင် အပေါင်းတို့၏ လှူဒါန်းမှုအစုစုတို့ ရေစက် သွန်းချအမျှပေးဝေခြင်းအခမ်းအနားသို့ တက်ရောက်

by Mon Editor

မော်လမြိုင်    ဇူလိုင်    ၂၃

ကျိုက်သလ္လံ စေတီတော် ၀တ်အသီးသီးတို့မှ ဗုဒ္ဓရုပ်ပွားတော်များ အသစ်ပြုပြင်ရောင်တော်ဖွင့်ခြင်း၊ မြေထိန်းနံရံတံတိုင်းပေါ်ရှိ မြန်မာမှုစိန်တောင် များပြုလုပ်ပြီးစီးပြီ ဖြစ်ပါသောကြောင့် ဒေသအသီးသီးမှ သဒ္ဒါကြည်လင် ကုသိုလ်ရှင် အပေါင်းတို့၏ လှူဒါန်းမှုအစုစုတို့ ရေစက် သွန်းချအမျှပေးဝေ ခြင်း အခမ်းအနားကို ဇူလိုင်၂၃ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့  ကျိုက်သလ္လံစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်သည်။

ရှေးဉီးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ ပိဋကတ်တိုက်ကျောင်း ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။ 

ထို့နောက် ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဇနီး ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့်ဇနီး တို့က လှူဖွယ်ပစ္စည်းများနှင့် ဝါဆိုသင်္ကန်းများကို စုပေါင်းကပ်လှူခဲ့ကြသည်။ 

ဆက်လက်၍ မော်လမြိုင်မြို့ သြဝါဒစရိယ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ  ပရိယတ္တိ စာသင်တိုက် ဒေါ်လန်းကျောင်း ဆရာတော် အရှင်သူမြတ်ထံမှ  အနုမောဒနာ တရား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ထို့နောက် ပြည်နယ်၀န်ကြီးချုပ်၊ တိုင်းမှူးနှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြွရောက်တော်မူလာသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။ 

ယင်းနောက် ပြည်နယ်၀န်ကြီးချုပ်၊ တိုင်းမှူးနှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျိုက်သလ္လံစေတီတော်မြတ်ကြီး  ၀တ်အသီးသီးတို့မှ ဗုဒ္ဓရုပ်ပွါးတော်များအသစ်ပြုပြင် ရောင်တော်ဖွင့်ခြင်း၊ မြေထိန်းနံရံတံတိုင်းပေါ်ရှိမြန်မာမှုစိန်တောင်များပြုလုပ်ပြီးစီးနေမှုများကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။

You may also like