Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်မော်လမြိုင် ၊ သြဂုတ် ၁၇

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်မော်လမြိုင် ၊ သြဂုတ် ၁၇

by Mon Editor

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို သြဂုတ်၁၇ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ထပ်ဆင့်မှာကြားရာတွင် နိုင်ငံတော်မှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဥ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အား ဌာနများအလိုက် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ စည်းမျဥ်း စည်းကမ်းများနှင့်အညီ အပြည့်အဝ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးကဏ္ဍတွင်အဓိကကျသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက်ဆောင်ရွက်ကြစေလိုကြောင်း၊ ဘက်စုံပညာရေးစနစ်ကို ဖော်ဆောင်ရာတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော ပညာတတ်လူငယ်များဖြစ်စေရေးအတွက် လူငယ်ကဏ္ဍကိုလည်းမြှင့်တင်ဆောင်ရွက်ပေးနေကြောင်း၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဥ်း၍ ဌာနဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် ကဏ္ဍ အလိုက်အလေးထားလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများပြည့်ပြည့် ဝဝကောက်ခံနိုင်ရေး ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့မှ ဖြည့်စွက်ဆွေးနွေးတင်ပြပြီး၊ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည်းဆည်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။

You may also like