မော်လမြိုင် သြဂုတ် ၁၆
မွန်ပြည်နယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂ဝ၂၃) အခမ်းအနားကို သြဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြေယာအသုံးချမှု ကိစ္စရပ်များနှင့်ပတ်သက်၍ စိုက်ပျိုးမြေများ ထိခိုက် လျော့နည်းမှုမရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြပ်ကြပ် မတ်မတ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုးချဲ့မြို့ပြ စီမံကိန်းလုပ်ငန်းများ ဆောက်လုပ်ရန်အတွက် မြေပြန့်နေရာများနှင့် စိုက်ပျိုးမြေများအား ခွင့်မပြုရေး မူဝါဒ တစ်ရပ် ချမှတ်ဆောင်ရွက်သွားရန်၊ စိုက်ပျိုးမြေများ၊ မွေးမြူရေးအတွက် ဆောင်ရွက်ခွင့် ပြုထားသည့် မြေနေရာများနှင့်စပ်လျဉ်း၍ အခြားနည်းအသုံးပြုခြင်းများ စည်းကမ်း များနှင့်အညီသာ ဆောင်ရွက်ရန်၊ သတ်မှတ်လုပ်ငန်းများ အောင်မြင် အောင်ဆောင်ရွက်ရေးနှင့် ပြန်လည် ရောင်းချခြင်း အကျိုးစီးပွားရှာခြင်းများ မရှိစေရေး စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်၊ လယ်မြေနှင့် လယ်ယာမြေများအား လှပ်မြေအဖြစ် မထား စေရန်နှင့် အခြားနည်းဖြင့် သုံးစွဲခြင်းမပြုစေရန်အတွက် ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီဆောင်ရွက်ရေး၊ စည်းကမ်းချက်များကို တိကျစွာ လိုက်နာ နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အရေးယူဆောင်ရွက်ရန်၊ မျိုးစပါးဝယ်ယူရေးအတွက် ရေနစ်မြှုပ် လယ်မြေဧက စာရင်း တိတိကျကျ ဖြစ်စေရေး အတွက် အောက်ခြေထိ ကွင်းဆင်းဆောင်ရွက်ရေး၊ မြေနုကျွန်းနှင့် လှပ်မြေများပေါ်တွင် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကြပ်မတ် ဆောင်ရွက်ရန် စားရေရိက္ခာဖူလုံမှုရှိစေရေးအတွက်အသားမွေးမြူရေးနှင့်ဉမွေးမြူရေးလုပ်ငန်းများကိုလည်းကြိုးစားဆောင်ရွက်ရေး၊လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေများအား အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အထွက်နှုန်း တိုးတက်ရေး၊ သီးထပ်စွမ်းအားတိုးမြှင့်ရေးတို့ကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ အားကျိုးမာန်တက် အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးမှ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက် ထားရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြပြီး၊ ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌများက တစ်ဦးချင်း ဆွေးနွေး တင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လယ်ယာမြေစီမံခန့်ခွဲမှု အခြေအနေများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်သူများ၏ ဆွေးနွေးတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက်၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ် ၁၆ ရက်၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ရာ (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ – ကျင်းပရေးဦးစီးကော်မတီ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာ များကိုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ရေး ဦးတည်ချက်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပလျက်ရှိ ကြောင်း၊ မွန်ပြည်နယ် အနေဖြင့် ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်း ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊မွန်ပြည်နယ်ဟာ ရှေးယခင် ကတည်းက ယဉ်ကျေးမှု၊ အနုသုခုမ ပညာရပ်မှာ အဆင့်အတန်းမြင့်မား စွာရှိခဲ့သော ပြည်နယ်ဖြစ်သည်နှင့်လျှော်ညီစွာ တိမ်မြုပ်ပျောက်ကွယ်နေသော ပညာရပ်များကိုလည်း ယခုလို ပြိုင်ပွဲများမှ တဆင့်ပြန်လည် ဖော်ထုတ်နိုင်ဖို့လည်း ကြိုးစားဖို့လိုအပ်ကြောင်း ၊မွန်ပြည်နယ်အနေဖြင့် ဗဟိုအဆင့်တွင် ဘာသာရပ်အလိုက် ပါဝင် ယှဉ်ပြိုင်နိုင်အောင် ကြိုးစဉ်းဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာ့ရိုးရာ(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေး အတွက် ရွက်ပုန်းသီး ဝါသနာရှင်၊ ပညာရှင်များကို ရှာဖွေရွေးချယ် မွေးထုတ်ပြီး ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရန်၊ ထူးချွန် ထက်မြက် သည့် ဝါသနာရှင်၊ ပညာရှင်များ ပေါ်ထွက်ရေးနှင့် ပြည်နယ်ဂုဏ်ဆောင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်မှ ဖြည့်စွက်ဆွေးနွေးတင်ပြပြီးပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဝင်များက ပြည်နယ် အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊(ဗဟို) အဆင့်သို့ တက်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ၊ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည်းဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။







