Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်း နှင့် အသက်(၁၉)နှစ်အောက်မွန်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ပွဲ ကြည့်ရှုအားပေး၊မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ  (၆/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်း နှင့် အသက်(၁၉)နှစ်အောက်မွန်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ပွဲ ကြည့်ရှုအားပေး၊မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ  (၆/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

by Mon Editor

မော်လမြိုင်၊ သြဂုတ် ၁၈

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက်  ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်း နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၁၇ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးသည်။
ထိုနောက် ပြိုင်ပွဲဝင်အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး   ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးနှင့်​ ပြည်နယ်ဝန်ကြီးတို့က ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဉီးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
ယင်းနောက်  ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် အသက်(၁၉)နှစ်အောက်မွန်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာအသက်(၁၉)နှစ်အောက်မွန်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းက ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဘောလုံးအသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။ထို့နောက်မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ  (၆/ ၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၁၈ ရက်​နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဘက်ပေါင်းစုံမှ ဖြေလျော့ဆောင်ရွက်ပေးသကဲ့သို့ မွန်ပြည်နယ်အတွင်း ခရီးသွားများ ယခုထက် ပိုမိုလာရောက်လည်ပတ်နိုင်ရေးနှင့် ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပေါင်းစပ်၍ လိုအပ်သည့် မူဝါဒကောင်းများချမှတ်ကာ အလေးထားဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသများ များစွာရှိပြီး ရှေးဟောင်းအဆောက်အဦများ၊ ကိုလိုနီ ခေတ်အဆောက်အဦများ ထင်ရှားသည့် ဘုရားစေတီများစွာတည်ရှိနေခြင်း​ကြောင့် ခရီးသွားမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက်ရာ၌ အထောက်အပံ့ ကောင်းများဖြစ်ပါကြောင်း၊ ခရီးသွားပြည်သူများ လွယ်ကူသွားလာမှု အဆင် ပြေစေရေး လေကြောင်းခရီးစဉ်နှင့်ပတ်သက်၍ နေ့စဉ် ပျံသန်းပြေးဆွဲလျက်ရှိသည့်အပြင် မီးရထားခရီးစဉ် နှင့်ပတ်သက်ပြီး နေ့စဉ်ပြေးဆွဲလျက်ရှိပါကြောင်း၊ ခရီးသွားကဏ္ဍနှင့် ချိတ်ဆက်၍ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးဆောင်ရွက် လျက်ရှိသလို သဘာဝကို အ​​ခြေခံသည့် ခရီးသွားလုပ်ငန်း Eco Tourism များအား ​ဖော်​ဆောင်​ပေးရန် လိုအပ်ပါ​ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုး မထွက်ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးဖြစ်သည်နှင့် အညီ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွက် ဝိုင်းဝန်း​​ဆွေး​နွေး​ပေးကြ​စေလို​ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အဲဒီ​နောက် မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း​ ဖွံဖြိုးတိုးတက်​ရေး ​ဆောင်ရွက်ထားရှိမှု၊ လိုင်စင် ဆိုင်ရာကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ခရီးသွား လုပ်ငန်းကော်မတီဝင်များက တင်ပြအကြံပြု ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

You may also like