Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- အ​ခြေခံပညာ စာသင်​ကျောင်းများ စိမ်းလန်းစို​​ပြေ​စေရေးနှင့် သန့်ရှင်းသာယာလှ​ပ​မှုရှိ​စေရေး ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ရတနာထွန်း​ဈေး၊ သန့်ရှင်းမှုရှိ​စေ​ရေးကြည့်ရှုစစ်​ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- အ​ခြေခံပညာ စာသင်​ကျောင်းများ စိမ်းလန်းစို​​ပြေ​စေရေးနှင့် သန့်ရှင်းသာယာလှ​ပ​မှုရှိ​စေရေး ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ရတနာထွန်း​ဈေး၊ သန့်ရှင်းမှုရှိ​စေ​ရေးကြည့်ရှုစစ်​ဆေး

by Mon Editor

မော်လမြိုင်၊ ​ဩဂုတ် ၁၉
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ​ဥပဓိရုပ် ​ကောင်းမွန်​စေ​​ရေး၊  ကျောင်းသူ၊ ​ကျောင်းသားများ စိတ်​အေးချမ်း​မြေ့စွာ ပညာသင်ကြားနိုင်​ရေးအတွက်မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ​ဩဂုတ်လ ၁၉ ရက်​နေ့၊ နံနက်ပိုင်းက ​​​မော်လမြိုင်မြို့၊ အမှတ်(၃) အ​ခြေခံပညာ အထက်တန်း​ကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု​ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်​နေပြည်သူများက စာသင်​ကျောင်း စိမ်းလန်းစို​​ပြေ​စေရေးနှင့် သန့်ရှင်း သာယာလှ​ပ​​စေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအ​ပေါ် ကြည့်ရှုအားပေးသည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်​ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိ​​ပြီး သန့်ရှင်း​သာယာလှပမှုရှိစေ​ရန်၊ ​သန့်ရှင်း၍ စိမ်းလန်းစို​ပြေ​သော စာသင်​ကျောင်းများ ဖြစ်​ပေါ်လာ​စေ​ရေး အ​လေးထားဆောင်ရွက်ပေးကြရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ​စာသင်​ကျောင်း​ဆောင်များအား လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ပြီး ​ကျောင်းတာဝန်ရှိသူများနှင့် ​တွေ့ဆုံ၍ လိုအပ်သည်များကို​ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အ​ခြေပညာစာသင်​ကျောင်းများတွင်လည်း ​စိမ်းလန်းစို​​ပြေ​စေရေးနှင့် ကျောင်းသန့်ရှင်း​သာယာလှပ​စေရေးအတွက် ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေးကို အပတ်စဉ်  ဆောင်ရွက်​​ပေးလျက်ရှိ​ကြောင်း သိရှိရသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ​မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ရတနာထွန်း​ဈေးသို့​ရောက်ရှိ၍ ​ဈေးအတွင်းသို့လိုက်လံ ကြည့်ရှုစစ်​ဆေးခဲ့ပြီး ဈေးတာဝန်ရှိသူများအား ​တွေ့ဆုံကာ ဈေးအတွင်း၊ အပြင် သန့်ရှင်းသာယာရေး၊ စနစ်တစ်ကျရောင်းဝယ်​ဖောက်ကားနိုင်​ရေး ​ဆောင်ရွက်ကြရန်၊ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပွား​စေ​ရေး၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရေးအပြင် အမှိုက်သိမ်းစနစ်ကောင်းမွန်စေရေးကိုလည်း တာဝန်ရှိသူများမှလည်း ဝိုင်းဝန်း​ဆောင်ရွက်​ပေးကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့ပြီး အများပြည်သူများ ငါး၊ ပုစွန်နှင့် ​ရေထွက်ပစ္စည်း​များအား  ရောင်းချ​ပေး​နေမှုအ​ခြေအ​နေကို  ကြည့်ရှုအား​ပေးသည်။

You may also like