Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၃ ခုနှစ် ၊ မွန်ပြည်နယ်  မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၃ ခုနှစ် ၊ မွန်ပြည်နယ်  မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်​ရောက်

by Mon Editor

မော်လမြိုင်၊ ဩဂုတ် ၂၀
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မ​ရွေး ကိုယ်လက်လှုပ်ရှား အားကစား ​ဆောင်ရွက်နိုင်​​ရန် အားကစားနည်းအလိုက်ပြိုင်ပွဲများ ကျင်းပပြုခြင်းများ ​​ဆောင်ရွက်လျက်ရှိရာ၂၀၂၃ ခုနှစ် ၊ မွန်ပြည်နယ် မုတ်သုန်ဖလား  ဂေါက်သီးရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၀ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင််မြို့၊ ငန်း​တေးဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊  ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ​ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်​ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက Color ball ရိုက်ပြီး ပြိုင်ပွဲကို အား​ပေးဂုဏ်ပြု​ခဲ့ကြကာ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၏ ဝင်​ရောက်ယှဉ်ပြိုင်​နေမှုအ​ပေါ် ကြည့်ရှုအား​ပေးသည်။
ဆက်လက်ပြီး ဆုချီးမြှင့်အခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသားပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ တန်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊  နှစ်​ယောက်တွဲ ပြိုင်ပွဲ၊ အကြိုးစားဆုံး အားကစားသမားဆု၊  ရိုက်ချက်အလိုက် အ​ကောင်းဆုံး ဂေါက်သီးရိုက် အားကစားသမားဆုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ၂၀၂၃ခုနှစ်  မိုးရာသီမုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဇွန် ၂၄ မှ ဩဂုတ် ၂၀ ရက်နေ့အထိ မော်လမြိုင််မြို့၊ ငန်း​တေးဂေါက်ကလပ်၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး ဧည့်သည်​တော်များနှင့်  အမျိုးသား၊ ​ဂေါက်သီးရိုက် အားကစားသမား  ပါဝင်​ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲဝင် အားကစားသမားများက ပြိုင်ပွဲပုံစံ Handing Cap Stroke ပုံစံဖြင့် ကျင်း (၁၈) ကျင်း ယှဉ်ပြိုင်ကစားခဲ့ကြ​​ကြောင်း သိရှိရသည်။

You may also like