Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း -ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင် ကျိုက်ကော့ရွဲ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော် ပြန်လည်တင်လှူ ပူဇော်နိုင်ရေး နှင့် ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေး ကြည့်ရှုစစ်ဆေး၊ ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်၊ သံလွင်တံတား (မော်လမြိုင်) လုံခြုံရေးအ​ဆောက်အဦနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း -ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင် ကျိုက်ကော့ရွဲ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော် ပြန်လည်တင်လှူ ပူဇော်နိုင်ရေး နှင့် ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေး ကြည့်ရှုစစ်ဆေး၊ ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်၊ သံလွင်တံတား (မော်လမြိုင်) လုံခြုံရေးအ​ဆောက်အဦနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ကြည့်ရှုစစ်ဆေး

by Mon Editor

မော်လမြိုင်၊ ဩဂုတ် ၂၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်ကျိုက်ကော့ရွဲ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော် ပြန်လည်တင်လှူပူဇော်နိုင်ရေးနှင့် ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေး အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသာ် ဩဂုတ် ၂၀ ရက်နေ့၊ ညနေပိုင်းက ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ ဆံတော်ရှင်ကျိုက်ကော့ရွဲ စေတီတော်မြတ်ကြီးသို့ ရောက်ရှိခဲ့ကြပြီး ရှေးဦးစွာ စေတီတော်မြတ်ကြီးကို ကို ဖူးမျှော်ကြည်ညိုခဲ့ကြသည်။
ထို့နောက် ဆံတော်ရှင်ကျိုက်ကော့ရွဲ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော် ပြန်လည်တင်လှူပူဇော်နိုင်ရေးနှင့် စေတီတော်မြတ်ကြီး ဘက်စုံမွန်းမံပြင်ဆင်နိုင်ရေးအတွက်လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
အဲဒီနောက်  ပြည်နယ်ဝန်ကြီးချုပ်က ဆံတော်ရှင်ကျိုက်ကော့ရွဲစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှတ်မြတ်နားတော်၊ ထီးတော် ပြန်လည်တင်လှူပူဇော်နိုင်ရေးနှင့် ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေး အတွက် ဩဝါဒါစရိယ ဆရာတော်ကြီးများထံများသို့ သသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ မြို့သစ်(၂)လမ်းထိပ်(မြောက်ဖက်) ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးအဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
ဆက်လက်ပြီး ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း လူမှုကရုဏာ လုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်များစုဝေးရာ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးကြီး ဖွင့်လှစ်နိုင်ခဲ့သည့် အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊တက္ကသိုလ်/ကောလိပ်ကြက်ခြေနီအသင်းခွဲ၊ကျောင်းကြက်ခြေနီအသင်းခွဲ(ငယ်)များဖြင့် အဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်လျက်ထားရှိကြောင်း၊ နိုင်ငံ့အကျိုးပြုလုပ်ငန်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာမှာ အမျိုးသားရေး ဝိသေသ ထူးခြားချက်များနှင့် ဆီလျော် ညီညွတ်တဲ့ပြည်သူများရဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် လူသားချင်း စာနာထောက်ထား၍ လူမျိုး ခွဲခြားမှုမရှိဘဲ လူမှုကရုဏာလုပ်ငန်းများအား ဆထက်တပိုးထမ်းဆောင်ပေးကြရန် မှာကြားလိုပါကြောင်း၊ ကြက်ခြေနီအသင်းအဖွဲ့အနေဖြင့် လူမှုကရုဏာလုပ်ငန်းများတွင် အရန်အင်အားတစ်ရပ် အနေဖြင့်လည်းကောင်း အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပြီး တာဝန်ရှိသူများအနေဖြင့်ကလည်း ကြက်ခြေနီအသင်းရုံးကြီး ရေရှည်တည်တံ့မှုရှိစေရန်၊ ကြက်ခြေနီလုပ်ငန်းဆောင်တာများအား ပိုမိုတိုးတက်လုပ်ဆောင်နိုင်ရန်  ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်မှကြက်ခြေနီအသင်းခွဲရုံးတည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပေါင်မြို့နယ်ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဲဒီနောက် အမှတ်တရလက်ဆောင်များပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီအသင်းခွဲရုံးအတွက် လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ ဖွင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် ဘင်ခရာနှင့် ပန်းပွားအဖွဲ့ ကျောင်းသူ ကျောင်းသားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် သံလွင်တံတား (မော်လမြိုင်) သို့ရောက်ရှိပြီး တံတားပေါ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံရေးအ​ဆောက်အဦနှင့် လုံခြုံရေးကင်မရာများ ထားရှိဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ကြစေရေး ဆောင်ရွက်ကြရန်၊ အချက်ပြဆိုင်းဘုတ်များ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြစေရေး  ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကာ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၄) တို့မှ တာဝန်ရှိသူများနှင့်အတူ တံတားအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

You may also like