
မော်လမြိုင်၊ ဩဂုတ် (၃၀)
ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ Royal Hinthar Hotel ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသူများ၊ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအရာရှိများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခင်ပြည်ထောင်စုရှေ့နေချုပ်ရုံးအဖြစ်မှ ဥပဒေရေးရာဝန်ကြီးဌာနအဖြစ်သို့ ပြောင်းလဲခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သလို ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဥပဒေအရာရှိတွေ၊ ဝန်ထမ်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ပြီး လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်စေရေးအတွက် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီးဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင်နေ ကြတဲ့ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများကလည်း မိမိတို့ရဲ့ စွမ်းဆောင်ရည်များ၊ မိမိတို့လုပ်ကိုင်ရသော ဥပဒေ၊ နည်းဥပဒေများကို အစဉ်မပြတ်လေ့လာမှတ်သားကြခြင်းဖြင့် လုပ်ငန်းတာဝန်တွေကို နိုင်ငံတော် အတွက်၊ ပြည်သူအတွက် စေတနာထားပြီး ရိုးသားဖြူစင်စွာ ဆောင်ရွက်ကြမယ်လို့ ယုံကြည်မိပါကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် မိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာပြီး ဥပဒေ၊ နည်းဥပဒေများ နဲ့အညီ အဂတိတရား ကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်၊ ဥပဒေအကြံဉာဏ် ပေးတဲ့အခါတွင်လည်း မှန်ကန်စွာအကြံပေးပါရန်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးကို ရှေးရှုပြီး အားသွန်ခွန်စိုက်ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။ဆက်လက်ပြီး ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဥပဒေရေးရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သောဥပဒေရုံးများ၏ လှုပ်ရှား ဆောင်ရွက်မှုခဲ့မှုများကို Video Clip ဖြင့် ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ထို့နောက် ပြည်နယ်ဥပဒေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ပြည်နယ်တရားသူကြီးချုပ်ဦးညီညီစိုး၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်တို့မှ မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့များရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို အစဉ်အလာမပျက် ဆင့်ပွားတိုးတက်စေပြီး အနာဂတ်ကာလတိုင် လက်ဆင့်ကမ်း လွှဲပြောင်းသွားနိုင်စေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နိုင်ငံတော်အနေနဲ့ ကျင်းပ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ခြင်း၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အချက်တွေကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမယ့် မျိုးဆက်သစ်လူငယ်များအနေနဲ့ အနှစ်သာရရှိရှိ ရိုးသားကြိုးစားစွာ အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်သွားကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မြန်မာတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များကို ယခုလိုပြိုင်ပွဲများ ကျင်းပပေးပြီး စောင့်ရှောက်မြှင့်တင်ပေးခြင်းအားဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို အမျိုးသားယဉ်ကျေးမှုနဲ့ ယှဉ်တွဲပြီး မြင့်မားထည်ဝါ စေရအောင် စွမ်းဆောင်မြှင့်တင်ပေးနိုင်ကြပါရန်နှင့် အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ခြင်းအားဖြင့် မြန်မာလူမျိုးတို့ရဲ့ အမျိုးသားရေး စရိုက်လက္ခဏာများ၊ အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ အမျိုးသားရေးစံနှုန်းများနဲ့ လူမှုတန်ဘိုးစွမ်းအားများ ပိုမိုအားပြည့် ခိုင်မာစေရအောင် အနုပညာစွမ်းပကားဖြင့် ကြိုးပမ်းဆောင်ရွက် ပေးကြပါရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။ထို့နောက် မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းမှ “အပျိုတော်ယိမ်းအက”ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများ၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲတွင် အဆင့်မြင့်ပညာအဆင့် တစ်ဦးချင်းအကပြိုင်ပွဲတွင် (အမျိုးသား) (၃)ဦး၊ (အမျိုးသမီး)(၂)ဦး၊ အဆိုပြိုင်ပွဲမှာတော့ ခေတ်ဟောင်းကာလပေါ်တေး ဘာသာရပ်တွင် အမျိုးသား (၅)ဦး၊ အမျိုးသမီး (၅)ဦးနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးဘာသာရပ်တွင် အမျိုးသား (၆)ဦး၊ အမျိုးသမီး (၅)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရှိရသည်။










