မော်လမြိုင် သြဂုတ် ၂၉
မိုခါ ဆိုင်ကလုန်း မုန်တိုင်း ဘေးသင့် ဒေသဖြစ်သော ရခိုင်ပြည်နယ်သို့ ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် မွန်ပြည်နယ်မှ နိုင်ငံ့ဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအား ဂုဏ်ပြုဧည့်ခံခြင်း အခမ်းအနားကို သြဂုတ် ၂၉ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၊ လှုမှုရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည် နယ်အတွင်း အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါ(Mocha) ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့လို့ ဘေးဒဏ်သင့် ပြည်သူတွေနှင့် အပျက်အစီးများ ရှင်းလင်းခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့ကို ကူညီ ကယ်ဆယ် ဆောင်ရွက်ပြီး ပြန်လာတဲ့ မွန်ပြည်နယ်မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်း များအား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မှလည်း ရခိုင်ပြည်နယ် ဘေးဒဏ်သင့် ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပြန်လည်တည် ဆောက်ရေးအဖွဲ့များအား စဉ်ဆက်မပြတ် စေလွှတ် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်မှ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ၊ ပြည်နယ်ကျန်းမာရေးဌာနမှ ဆရာဝန်/ ဆရာမနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်နယ်လျှပ်စစ်ဌာနမှ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်ဝန်ထမ်းများတို့လည်း အပါအဝင် ဖြစ်ကြောင်း၊ မွန်ပြည်နယ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (၃၅)ဦးဟာ (၂၀.၅.၂၀၂၃) ရက်နေ့မှ (၁၉.၈.၂၀၂၃) ရက်နေ့အထိ လည်းကောင်း၊ ပြည်နယ် ကျန်းမာရေးဌာနမှလည်း (၂၆. ၅. ၂၀၂၃) ရက်နေ့ မှ (၂၀.၇.၂၀၂၃) ရက်နေ့အထိ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ထမ်းစုစုပေါင်း(၇၃)ဦးသည် လည်းကောင်း၊ ပြည်နယ်လျှပ်စစ်ဌာနမှလည်း (၁၈.၅.၂၀၂၃) ရက်နေ့မှ (၂၆.၆.၂၀၂၃) ရက်နေ့အထိ အင်ဂျင်နီယာများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် ယာဉ်/ ယန္တရားများဖြင့် စုစုပေါင်းအင်အား (၂၀)ဦးသည် လည်းကောင်း အသီးသီးသွားရောက် ကူညီဆောင်ရွက်ပေးခဲ့ ကြတာကို သိရှိရကြောင်း ၊ရခိုင်ပြည်နယ် ဘေးသင့်ဒေသများတွင် ယခုလိုဆောင် ရွက်ပေးခဲ့ကြသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား ပြည်နယ်အစိုးရ အနေဖြင့် လိုအပ်သည်များ မှာကြားခြင်းနှင့် စားနပ်ရိက္ခာများ၊ ထောက်ပံ့ငွေများကိုလည်း ပေးအပ်ခဲ့သည့်အပြင် အခြားလိုအပ် သော အခက်အခဲများကိုလည်း ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း၊ မိမိတို့ မွန်ပြည်နယ်အတွင်းမှာ ထိခိုက်မှု မရှိသော်လည်း ပြည်ထောင်စုအတွင်းမှာရှိတဲ့ သွေးချင်းမောင်နှမတွေဖြစ်တဲ့ သဘာဝ ဘေးအန္တရာယ်ကျရောက်နေသည့် ရခိုင်ပြည်နယ်ရှိ ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအားလုံးကို မိမိကိုယ်ကျိုး မငဲ့ကွက်ဘဲ အသက်စွန့်ပြီး သွားရောက်ကူညီ ပေးခဲ့ကြသည့် အတွက် ဝန်ကြီးချုပ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်သလို နောင်အလားတူသဘာဝဘေးဖြစ်စဉ်များ ဖြစ်ပွားပေါ်ပေါက်လာပါကလည်း ကျရာအခန်းကဏ္ဍမှ ယခုလိုတက်ညီလက်ညီ တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက် စေလိုကြောင်းနှင့် ရခိုင်ပြည်နယ် ဘေးသင့်ဒေသများသို့ သွားရောက်ခဲ့ကြသူများအားပြည်နယ်အစိုးရအဖွဲ့အနေဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ သွားရောက်တာဝန် ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဦးစီးဌာန၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ဘေးအန္တရာယ်ဆိုင်ရာ ခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ပြီး တက်ရောက်လာသူများအား ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေး၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ရခိုင်ပြည်နယ်သို့ ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ (၇၃)ဦး၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ (၃၅)ဦး၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းမှ (၂၀) ဦး၊ ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ (၃)ဦး၊ စုစုပေါင်း(၁၃၁)ဦး သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွား စေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုရေး မွန်ပြည်နယ်လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ( ၁၈.၈.၂၀၂၃ ) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၊ ၁၄၉/၂၀၂၃ ဖြင့် လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်း နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ ၊ လုပ်ထုံး လုပ်နည်းစံနှုန်းများ ( Standard Operating Procedure – SOP ) ရေးဆွဲပြုစုရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်နယ်လုပ်ငန်း ကော်မတီကို အဖွဲ့ဝင် (၁၈) ဦး ပါဝင်သောအဖွဲ့ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်မှုအရ လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ခေါ်ယူကျင်းပခြင်းဖြစ်ပါကြောင်း၊ပြည်နယ်လုပ်ငန်းကော်မတီအနေဖြင့်လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေသည့် ဥပဒေမဲ့ကျူးလွန် လုပ်ဆောင်နေမှုကို စနစ်တကျ လေ့လာ ဆန်းစစ်ပြီး မှန်ကန် ရိုးသားစွာ လုပ်ဆောင်သည့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် ဖော်ထုတ်အကြံပြုပေးရမှာဖြစ်သလို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဗဟို လုပ်ငန်းကော်မတီကို တင်ပြရမှာ ဖြစ်ကြောင်း၊ ပြည်နယ် ကော်မတီတွင် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်တွေကို ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် မြေပြင်စာရင်း စိစစ်ကြီးကြပ်ရေးအဖွဲ့ စာရင်းကောက်ယူရေး အဖွဲ့များကိုလည်း ဖွဲ့စည်းရမှာဖြစ်ကြောင်း၊မြေပြင်ကွင်းဆင်းစာရင်းကောက်ယူတဲ့လုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ စာရင်း ကောက်ယူပြုစုတဲ့ အဖွဲ့များအနေနဲ့ မှန်ကန်တဲ့စာရင်းအချက်အလက် ရရှိအောင် သတိရှိရှိ ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊အဓိကအားဖြင့် စိုက်ပျိုးမြေများ မလျော့ပါးစေရေး နှင့် တိုးပွားလာတဲ့ ပြည်သူ လူထုအတွက် နေထိုင်နိုင်ရန် မြေနေရာ လုံလောက်ရေး တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုး လာတဲ့ စက်ရုံ ၊ အလုပ်ရုံများအတွက် မြေနေရာ ရရှိရေးများကို အခြေခံပြီး အဆိုပါ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့် SOP ပေါ်ထွက်လာရေး သာ အဓိကဖြစ်ကြောင်းပြောကြားသည်။ထို့နောက်ပြည်နယ်လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းမှကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ရေးဆွဲပြုစုမည့် အစီအစဥ်နှင့် (၃၁-၈-၂၀၂၃) မတိုင်မှီနှင့်နောက်ပိုင်းကွင်းဆင်းစီစစ်ဆောင်ရွက်မည့်အခြေအနေများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်လုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်မှ သတ်မှတ်ရက်အတွင်း ကောက်ယူရမည့်အတွက် မြို့နယ်အဆင့် ရပ်ကွက်ကျေးရွာအဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် မှန်ကန်မှုရှိစေရေး၊ စာရင်းကျန်မှုများ မရှိစေရေး၊ ကိန်းဂဏန်းအချက်အလက်များ စနစ်တကျဖြစ်စေရေး ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက် လာသည့်ကော်မတီဝင်များမှ အသီးသီးဆွေးနွေးအကြံ ပြုတင်ပြချက်များ အပေါ်ဝန်ကြီးချုပ်ကလိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။








