မော်လမြိုင်၊ အောက်တိုဘာ ၁၂
အောက်တိုဘာလ ၅ ရက်နေ့က မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးပေါ်တွင် ယဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးဝင် မော်လမြိုင်မြို့၊ ပွင့်နေခြည်ဇတ်အဖွဲ့မှ သဘင်အဖွဲ့မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ သဘင်အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွ ပြည်နယ်ဝန်ကြီးချုပ်က ဂရုဏာအမှာစကား ပြောကြားရာတွင် အများပြည်သူများကို အနုသုခမ ရသမျိုးစုံဖြင့် မိမိတို့တတ်ကျွမ်းထားသည့် သဘင်ပညာရပ်များဖြင့် ကျရာနေရာမှ ထမ်းပိုးဆောင်ရွက်နေကြသည့် အနုပညာရှင် သဘင်သည်များကို များစွာဂုဏ်ယူမိပါကြောင်း၊ ထိခိုက်နစ်နာခဲ့ကြရသည့် သဘင်အဖွဲ့မိသားစုဝင်များကို ကူညီစာနာသောအားဖြင့် အကောင်းဆုံးဖြစ်အောင် ယခုကဲ့သို့ ကူညီထောက်ပံပေးခြင်းဖြစ်ကြောင်း၊ ဘသင်အစည်းအရုံးအနေဖြင့် ယဉ်မတော်တဆဖြစ်စဉ်ပေါ်တွင် အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ခြင်းအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ယဉ်မတော်တဆမှု ဖြစ်ပွားခဲ့မှုနှင့် စပ်လျဉ်း၍ ပွင့်နေခြည်ဇတ်သဘင်အဖွဲ့ ထိခိုက်ဒဏ်ရာရသူများနှင့် သေးဆုံးသွားသူ မိသားစုဝင်များအား ထောင်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မော်လမြိုင်မြို့နယ်သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဆန်းလင်းမှ ကျေးဇူးတင်စကား ပြောကြားသည်။




