Home ကျန်းမာရေး ကျိုက်ထိုမြို့နယ်၊ ကင်ပွန်း​ချောင်း​ကျေးရွာ၊ ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်စခန်း၌ ဘုရားဖူးလာ ပြည်သူများကို အ​ကြောင်းမဲ့ ပစ်ခက်တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသူများအား သွား​ရောက်ကူညီ​ထောက်ပံ့

ကျိုက်ထိုမြို့နယ်၊ ကင်ပွန်း​ချောင်း​ကျေးရွာ၊ ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်စခန်း၌ ဘုရားဖူးလာ ပြည်သူများကို အ​ကြောင်းမဲ့ ပစ်ခက်တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသူများအား သွား​ရောက်ကူညီ​ထောက်ပံ့

by Mon Media

မော်လမြိုင်၊ ​အောက်တိုဘာ ၁၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင် တက်ကားဂိတ်အား ​အောက်တိုဘာလ ၁၂ ရက်​နေ့၊ နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁) နှင့် NUG CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူးပြည်သူ သုံးဦး သေဆုံးကာ ၁၉ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကျိုက်ထိုမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ကျိုက်ထိုမြို့ ပြည်သူ့ ဆေးရုံတွင် ရရှိဒဏ်ရာများ ကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိ သည့် ဘုရားဖူးပြည်သူများကို ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးစကားများ ပြောကြားပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

You may also like