Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မွန်ပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)မှ ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့၊ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား၊ မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၊ မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မွန်ပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)မှ ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့၊ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား၊ မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၊ မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

by Mon Editor

“အသက်သည် သွေး၊ သွေးသည် အသက်” ဆိုသည့် စကားနှင့်အညီ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့၊ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ တာဝန်ရှိသူတို့က စုပေါင်းသွေးလှူဒါန်းပေးကြသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းဝင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့၊ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို အားဆေးများ၊ ကြက်ဥနှင့် အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က အရေးပေါ်သွေးလိုအပ်နေသူများကို ဥပပါရမီအလှူဒါနဖြစ်သည့် သွေးလှူဒါန်းခြင်းသည် မွန်မြတ်လှကြောင်းပြောကြားကာ စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကိုရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။
မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့၊ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြု ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများကို  ကိုယ်အလေးချိန် နှင့် သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)အသင်းဝင် (၃၀) ဦးမှ  စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရှိရသည်။
မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီလုပ်ငန်း ညိှနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများတက်ရောက်၍ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုသန်းခေါင်စာရင်းကော်မရှင်ရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအရ သန်းခေါင်စာရင်းအကြောင်း၊ သန်းခေါင်စာရင်းရဲ့ ဝိသေသလက္ခဏာများ၊ မြန်မာနိုင်ငံမှာ ကောက်ယူ ခဲ့သည့် သန်းခေါင်စာရင်းများရဲ့ သမိုင်းကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရခြင်းရဲ့ရည်ရွယ်ချက်များနဲ့ အကျိုးကျေးဇူးများ၊ ၂၀၂၄ ခုနှစ် မှာ ထပ်မံ ကောက်ယူမယ့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လက်ရှိဆောင်ရွက် နေတဲ့ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ချမှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှာ ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်းအတွေ့အကြုံများအရ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဟာ လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး မြန်မာနိုင်ငံမှာလည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀)နှစ် အကြာ ၂၀၂၄ ခုနှစ်မှာ နောက်ထပ်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူ ရမည် ဖြစ်ကြောင်း၊ တိကျ မှန်ကန်တဲ့လူဦးရေနဲ့ လူမှုစီးပွားရေးအခြေအနေတွေကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံး အဆင့်ထိရရှိနိုင်ဖို့ သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကို အောင်မြင် စွာကောက်ယူနိုင်ရန်  စာရင်းကောက်ယူရာတွင်လည်း တွေ့ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် စမ်းသပ်သန်းခေါင်စာရင်း ကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ မြို့နယ် (၂၀)အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀)မှာ ဆောင်ရွက်သွားရန်ကိုလည်း ခွင့်ပြုထားပြီး မွန်ပြည်နယ်အနေဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလအတွင်း မော်လမြိုင် မြို့နယ်တွင် စာရင်းကောက်ကွက် (၃)ကွက်ကို ကောက်ယူသွားမှာ ဖြစ်ကြောင်း၊ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွေကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိက တာဝန် ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်နေတဲ့ သက်ဆိုင်ရာဌာန၊ ရပ်ကွက်/ကျေးရွာအဖွဲ့အစည်းများနဲ့ ပြည်နယ်/ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီအဆင့်ဆင့်တို့ကလည်း မိမိတို့ကဏ္ဍ အလိုက် ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြရန်လိုကြောင်း၊ သန်းခေါင်စာရင်းသည် အားလုံးနဲ့သက်ဆိုင်သည့်အတွက် သက်ဆိုင်ရာဌာနများက နည်းပညာ အပါအဝင် သန်းခေါင်စာရင်းလုပ်ငန်းကို အထောက်အပံ့ ဖြစ်စေမည့် အရင်းအမြစ်များကို အကျိုးရှိရှိ မျှဝေသုံးစွဲကြဖို့ အလေးအနက်ထား မှာကြားလိုပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ အချိန်၊ ငွေကြေးနဲ့ လူအင်အားအပါအဝင် အရင်းအမြစ်ပေါင်းများစွာကို ရင်းနှီး စိုက်ထုတ်ထားရတာဖြစ်သည့်အပြင် သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက် အသုံးဝင်တဲ့ အချက်အလက်များဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက် အောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ခံယူဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းသည် နိုင်ငံအတွင်းနေထိုင်တဲ့ လူအားလုံးနဲ့သက်ဆိုင်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်း၏ အကျိုး ရလဒ်များသည်လည်း နိုင်ငံတော်အတွက် အရေးကြီး၍ စာရင်းကောက်ယူရာတွင် မှန်မှန်ကန်ကန် ဖြေဆိုကြမှသာ အချက်အလက်များရဲ့ အရည်အသွေးကောင်းမွန်မှာ ဖြစ်ကြောင်းကို အများပြည်သူသိရှိနားလည်ရန် မီဒီယာကဏ္ဍသည်လည်း အလွန်အရေးကြီးသလို သန်းခေါင်စာရင်းအကြောင်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ အသိပညာပေးရေးနဲ့ လှုံ့ဆော်ရေးသီချင်းများ၊ ဆောင်းပါးများ၊ ဗီဒီယို Clip များ ထုတ်လွှင့်ပြသ နိုင်ရေးကို ဗဟိုကော်မရှင်က ဆောင်ရွက်သလို မိမိတို့ပြည်နယ်အနေဖြင့် လည်း မီဒီယာကဏ္ဍဖြင့် တွင်တွင်ကျယ်ကျယ် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ယခင် သန်းခေါင်စာရင်းများအတိုင်း အရည်အသွေး ကောင်းမွန်ပြည့်စုံအောင် ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပြီး အဆိုပါ လုပ်ငန်းသည် မိမိတို့နိုင်ငံရဲ့ စိန်ခေါ်မှုများကြားက အောင်မြင် ောင် ဆောင်ရွက်နိုင်တဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမှာဖြစ်တဲ့ အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး မွန်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးမြတ်သွင်မှ မွန်ပြည်နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ တာဝန်ရှိသူများမှ အကြံပြု ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်ကာ ကုန်ထုတ်လုပ်သူများ အနေဖြင့်လည်း အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချ ပေးရန်လိုပါကြောင်း၊ ရေထွက်ကုန်ပစ္စည်းများကို MSMEs လုပ်ငန်းများမှ ပြုပြင်ထုတ်ပိုးပြီး ပြည်တွင်းစားသုံးနိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေသုံးစွဲရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများဖြစ်စေရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိရာ မွန်ပြည်နယ်ရာသီဥတုနှင့် ကိုက်ညီသော နေကြာသီးနှံအား ယခု နှစ်တွင် တိုးချဲ့စိုက်ပျိုးနိုင်ရန် စီစဉ်ထားရှိပြီး  ပြည်နယ်အတွင်း ဆီဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  ဆီထွက်သီးနှံများ၊ နေ့စဉ် မီးဖိုချောင်သုံး ဟင်းသီဟင်းရွက်များ ဖူလုံမှုရှိ စေရေးအတွက် စိုက်ပျိုးမြေများကို အပြည့်အဝ အသုံးချ၍ သီးထပ်စိုက်ပျိုးခြင်းကို စွမ်းအားပြည့်စိုက်ပျိုးရန်နှင့် စိုက်ပျိုး မြေကို အကျိုးရှိရှိ အသုံးချရေးတို့အား အထူးဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ မွေးမြူရေးလုပ်ငန်းများဆောင််ရွက်နိုင်ရေး အသိပညာပေးဆောင်ရွက်ခြင်း မွေးမြူရေးအစာ၊ ရေနှင့်ဆေးဝါးများကို ခေတ်မီ နည်းစနစ်များဖြင့် စနစ်တကျအောင်မြင်စွာ အသုံးပြုမွေးမြူနိုင်ရေး ကြိုးပမ်းဆောင်ရွက်လာစေရေး ဆောင်ရွက်ပေးကြရန်၊ လယ်ယာထွက်ကုန်ပစ္စည်းများမှ စွန့်ပစ်ပစ္စည်းများဖြင့် ဒေသအလိုက် တိရစ္ဆာန်မွေးမြူရေး အစားအစာများ ထုတ်လုပ် နိုင်ရေး ဆောင်ရွက်ရန်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ ဇီဝမြေဩဇာ၊ သဘာဝမြေဩဇာများ ထုတ်လုပ်သုံးစွဲနိုင်ရန် ဆောင်ရွက်ကြရန် လိုအပ်ပြီး ပြည်ပမှ ဓာတ်မြေဩဇာ တင်သွင်းသုံးစွဲနေရမှုကို လျှော့ချရန်လိုအပ်ကြောင်း၊ MSMEs လုပ်ငန်းများမှ ပြုပြင်ထုတ်ပိုးပြီး ပြည်တွင်းစားသုံးနိုင်ရေး ဆောင်ရွက်ပေးကြရန်၊ စက်သုံးဆီဈေးနှုန်းများကို ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချ နိုင်ရေးကြီးကြပ်ပေးကြရန်၊ မီးရထား၊ ရေယာဉ်၊ မော်တော်ယာဉ်များဖြင့် ကုန်စည်ပို့ဆောင်ရာတွင် သင့်လျော်သော ဈေးနှုန်းဖြင့် ပို့ဆောင်နိုင်ရေး ဆောင်ပေးကြရန် လိုအပ်ကြောင်း၊ အခြေခံစားသောက်ကုန် ပစ္စည်းများတိုးမြှင့် ထုတ်လုပ်ရေးနှင့်ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ကုန်ထုတ်လုပ်မှုစွမ်းအားတိုးမြှင့်အောင် ဆောင်ရွက်ရေးနှင့် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်ပြီး မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများကို လုံလောက်စွာ ထုတ်လုပ် နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဝင် များမှ ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုများအသင်း၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်း၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ်ဆန်ကုန်သည်များအသင်း၊ မွန်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မော်လမြိုင်အအေးခန်းစက်ရုံများအစုအဖွဲ့တို့ရှိတာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။
အဲဒီနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍  တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည်းဆည်းဆောင်ရွက်ပေးကာနိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။

You may also like