Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့သွား​ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲများ၏ အစမ်း​ဖျော်​ဖြေတင်ဆက်မှုအ​ပေါ် ကြည့်ရှုအား​ပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့သွား​ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲများ၏ အစမ်း​ဖျော်​ဖြေတင်ဆက်မှုအ​ပေါ် ကြည့်ရှုအား​ပေး

by Mon Editor

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဗဟိုအဆင့်တွင် ယခင်နှစ်များနှင့်မတူ ယခုနှစ်တွင် အနုသုခုမပညာရပ်များဖြင့် ထည့်သွင်းယှဉ်ပြိုင်​စေမည်ဖြစ်ပါ၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အ​ရှေ့​တောင်တိုင်းစစ်ဌ္နချုပ်တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အနုပညာဝါသနာရှင်များ တက်​ရောက်ကြည့်ရှုအား​ပေးသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့သွား​ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲများ၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ​ယှဉ်ပြိုင်မှု အစမ်း​ဖျော်​ဖြေတင်ဆက်မှုများအား လည်း​ကောင်း၊ သုခုမပညာရပ်များဖြင့် အစမ်း​ဖျော်​ဖြေတင်ဆက်မှုများအား လည်း​ကောင်း၊ မ​ဟော်သဓါ ဇတ်​တော်ကြီးပြိုင်ပွဲအတွက် အစမ်း​ဖျော်​ဖြေတင်ဆက်မှုများအား လည်း​ကောင်း ကြည့်ရှုအား​ပေးခဲ့​ကြောင်းသိရှိရသည်။

You may also like