
မော်လမြိုင်၊ အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ်(၄၅) သူနာပြုနှင့် သားဖွားဒီပလိုမာ သင်တန်းဆင်း အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင််းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုဆရာမကြီးများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေး ပြည့်မီစွာ ရရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ယနေ့ သူနာသူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ်(၄၅) သူနာပြုနှင့် သားဖွားဒီပလိုမာ သင်တန်းဆင်း သူနာပြု မောင်၊ မယ်လေးများကို အောင်လက်မှတ်အပ်နှင်းပေးနိုင်ခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သူနာပြုနှင့် သားဖွားသင်တန်းသူ၊ သင်တန်းများသည် ပညာရပ်နယ်ပယ်အသီးသီးကို ပထနှစ်မှ တတိယနှစ်အထိ အပတ်တကုတ်ကြိုးစားသင်ယူအားထုတ်၍ အရည်အချင်းပြည့်ဝအောင်မြင်ခဲ့ကြသဖြင့် ဒီပလိုမာ သင်တန်းဆင်း အောင်လက်မှတ်အား ထိုက်ထိုက်တန်တန် ရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ ရောဂါမဖြစ်ပွားအောင် တားဆီးကာကွယ်ခြင်း၊ ရောဂါဖြစ်ပွားလာပါက ကုသမှုပေးခြင်းစတဲ့ လုပ်ငန်းများအတွက် မိမိတို့ တာဝန်ကျရာ ကဏ္ဍအသီးသီးတွင် ဆီလျော်သည့် ပြုစုကုသမှုပေးနိုင်စာတွေ့/ လက်တွေ့သင်ကြားပေးခဲ့ပြီးဖြစ်သလို မိမိတို့ဆန္ဒပြုထားတဲ့ နေရာဒေသ အသီးသီးမှာ တာဝန်ချထားပြီးဖြစ်၍ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးပြည့်ဝစွာ ပေးနိုင်အောင် သူနာပြုသစ်လွင် တစ်ဦးချင်းစီက ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခု သူနာပြုသားဖွားဒီပလိုမာဘွဲ့လက်မှတ်အပ်နှင်းခြင်းခံရတဲ့ သူနာပြု မောင်မယ်လေးများသည် စိတ်ဓာတ်ကောင်းကောင်း၊ တာဝန်သိသိ၊ သတ္တိရှိရှိ၊ တာဝန်ကျေကျေနဲ့ နိုင်ငံတော်နဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မိမိတို့တတ်နိုင်တဲ့ဘက်က အထူး ဂရုစိုက်ပြီး ဆောင်ရွက် ကြပါလိုကြောင်းဖြင့် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အဲဒီနောက် သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ သူနာပြုသစ္စာ အဓိဌာန် ရွတ်ဆို၍ သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ်(၄၅) သူနာပြုနှင့် သားဖွားဒီပလိုမာသင်တန်းတွင် အောင်မြင်ခဲ့ကြသည့် သင်တန်းသူ၊ သင်တန်းသား (၉၅) ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီး အပ်နှင်းခဲ့ကြကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု လျှောက်ထားလာသော အခြေခံကျောင်းများသို့ အထောက်အပံ့ပစ္စည်းများ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု လျှောက်ထားလာသော အခြေခံကျောင်းများသို့ အထောက်အပံ့ပစ္စည်းများ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် မြို့နယ်အသီးသီးမှာရှိတဲ့ အခြေခံပညာကျောင်းများကို သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာ ကျောင်းနေအရွယ် ကလေးလူငယ်များထံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အသိအမြင်များ မျှဝေသင်ကြားရန် လိုအပ်ပြီး ကလေးသူငယ်များ အနေဖြင့်လည်း ငယ်ရွယ်စဉ်မှစ၍ အမှိုက်များကို အမှိုက်စို/ အမှိုက်ခြောက် ခွဲခြား၍ စနစ်တကျ စွန့်ပစ်တတ်သော အပြုအမူကောင်းများ ရရှိသွားစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖြစ်ပေါ်လာစေရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်းများ၊ အညွှန်းကိန်းများကို တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်လိုအပ်သလို ရေရှည်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက် သွားကြဖို့လည်း လိုအပ်ကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေပညာစာသင်ကျောင်းများတွင်လည်း စိမ်းလန်းစိုပြေစေရေးနှင့် ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိသဖြင့် တာဝန်ရှိသူမှလည်း ဝိုင်းဝန်းပူးဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု လျှောက်ထားလာသော အခြေပညာ (၂၀) ကျောင်းအတွက် အခြေခံပတ်ဝန်းကျင်ဆိုင်ရာသာသာရပ် ဆရာများလက်စွဲ စာအုပ်များနှင့် အမှိုက်ပုံးများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
အဲဒီနောက် တာဝန်ရှိသူများက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများဖော်ဆောင်နိုင်ရေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးအကြံပြုဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
















