

မော်လမြိုင်၊ အောက်တိုဘာ ၂၅
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၅) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ မွန်ပြည်နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရှိ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းကြသည်။
ထို့အပြင် ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြမည့် ဝန်ထမ်းများကို ကိုယ်အလေးချိန် နှင့် သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှုအပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က အရေးပေါ်သွေးလိုအပ်နေသူများကို ဥပပါရမီအလှူဒါနဖြစ်သည့် သွေးလှူဒါန်းခြင်းသည် မွန်မြတ်လှကြောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ထမ်းဆောင်ပေးကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို ဝမ်းမြောက်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စုပေါင်း သွေးလှူဒါန်းကြသည့် ဝန်ထမ်းများအတွက် အားဆေးများ၊ ကြက်ဥ နှင့် အဟာရဖြည့်စွက်စာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
(၃၅) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း (၅၆)ဦးတို့မှ စုပေါင်း သွေးလှူဒါန်းခြင်း ခဲ့ ကြောင်း သိရှိရသည််။
မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ဦးသာညှင်းဓမ္မာရုံ(၂)ထပ် အဆောင်အဦတွင် အောက်တိုဘာလ ၂၅ ရက်နေ့ ၊ နံနက် ၄ အချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများဖြင့် အချိန်နှင့်တပြေးညီ ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့သည်။
ယင်းမီးလောင်ကျွမ်းမှုဖြစ်စဉ်အပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေရာအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား အပျက်အစီးများ အမြန်ဆုံးဖယ်ရှား ရှင်းလင်းပေးကြရန် လမ်းညွှန်ကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့်တွေ့ဆုံ၍ ယခုမီးလောင်ကျွမ်းသွားသည့် ကျောင်းဝင်း အတွင်းရှိ ဦးသာညှင်းဓမ္မာရုံသည် ကျောင်း၏ရှေးဟောင်းအဆောက်အဦဖြစ်သဖြင့် များစွာပင်စိတ်မကောင်းဖြစ်မိပါကြောင်း၊ မီးလောင်မှုဖြစ်စဉ် နှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက်အား အမြန်ဆုံး ပြန်လည် တင်ပြကြရန် လိုကြောင်း၊ ကျောင်းသူ ကျောင်းသားများ သတ်မှတ်စာသင်နှစ်အတွင်း စာသင်ကြားမှု မထိခိုက်စေရေးအတွက် စာသင်ကြား နိုင်ရေး စာသင်ခန်းလုံလောက်မှု ရှိ၊ မရှိနှင့် စားပွဲ ခုံများ လိုအပ်ချက်များရှိပါက တင်ပြပေးကြရန် လိုအပ်သလို ကျောင်းသုံးပရိဘောဂများ ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး လိုအပ်သည်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများ အရှိန်အဟုန်မပျက် ပညာဆက်လက်သင်ကြားရေးအတွက် ကျောင်းဆောင်သစ် အမြန် ဆောက်လုပ်ရေးနှင့် လောလောဆယ်တွင် ယာယီကျောင်းဆောင် ဆောက်လုပ်နိုင်ရေး အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများမှလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
အဲဒီနောက် တာဝန်ရှိသူများက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့အပေါ် ကျောင်ဆောင်များပြန်တည်ဆောက်နိုင်ရေး၊ ကျောင်းသုံးပရိဘောဂများနှင့် အခြား လိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုပြီး ဖြစ် သည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ် တာဝန်ခံ) ဦးကိုကိုလွင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိများ နိုင်ငံရေးပါတီများမှ ပြည်နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ မွန်ပြည်နယ်အတွင်း ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာရေး၊ တက်ရောက်လာသောပါတီများမှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် တာဝန်ရှိသူများ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်ဖြင့် အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ် တာဝန်ခံ) ဦးကိုကိုလွင်မှ လက်ရှိဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ရှင်းလင်းချပြခဲ့သည်။
ဆက်လက်ပြီး မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ရွေးကောက်ပွဲ အရာရှိမှ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်တွေ့ရှိချက်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်အုပ်ချုပ်ရေးမှူးမှ ဖြည်စွက်ဆွေးနွေးခဲ့ကြသည်။
အဲဒီနောက် တက်ရောက်လာသောနိုင်ငံရေးပါတီများမှ သက်ဆိုင်ရာပါတီများအလိုက် ပါတီဝင်အင်အားစာရင်း တွေ့ရှိချက် ပြည်နယ်ချုပ်အပေါ် လက်မှတ်ရေးထိုးခြင်းများဆောင်ရွက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရှိရသည်။
















