
မော်လမြိုင်၊ အောက်တိုဘာ ၂၆
၂၀၂၃ ခုနှစ်၊ ချောင်းဆုံမြို့နယ်၊ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက ချောင်းဆုံမြို့၊ မဟာကန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်လှေလှော်အသင်းများ၊ အားကစားဝါသနာရှင်များ တက်ရောက်သည်။
ဖွင်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေးဦးတည်၍ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ကဏ္ဍပေါင်းစုံ ပံ့ပိုးဆောင်ရွက်လျက်ရှိရာ လှေလှော်အားကစားနည်းကို အများပြည်သူများ ပိုမိုစိတ်ဝင်စားလာစေပြီး ရိုးရာအားကစားနည်းကို တန်ဖိုးထား မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ရိုးရာအမွေအနှစ်တွေကို နိုင်ငံတိုင်းက မြတ်မြတ်နိုးနိုး ထိန်းသိမ်းကြ သလို မြန်မာနိုင်ငံမှာလည်း ရိုးရာအားကစားနည်းတွေဖြစ်တဲ့ ရိုးရာလက်ဝှေ့၊ ရိုးရာခြင်းလုံးနှင့် ရိုးရာလှေလှော်ပြိုင်ပွဲတွေကို တိမ်ကောပပျောက် မသွားအောင် ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ရိုးရာအားကစား ပြိုင်ပွဲများကို အထူးအလေးပေးကျင်းပ ပြုလုပ်ပေးနေခြင်းလည်း ဖြစ်ကြောင်း၊ လှေလှော်အားကစားနည်းဟာ ခွန်အားကို အသုံးပြုပြီး ယှဉ်ပြိုင်ကစားရတဲ့ အားကစားနည်းဖြစ်တဲ့အတွက် ကိုယ်ခန္ဓာ သန်မာထွားကျိုင်းပြီး ကျန်းမာကြံ့ခိုင်၍ သက်လုံကောင်းမှသာ ထူးချွန်တဲ့ အားကစားသမားကောင်းတွေ ဖြစ်လာမှာ ဖြစ်သည့်အတွက် ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် လှေလှော်အားကစားနည်း၏ အနှစ်သာရကို ပေါ်လွင်ထင်ဟပ်စေရန်အတွက် မိမိတို့၏ စုပေါင်းစွမ်းအားတို့ဖြင့် တက်ညီလက်ညီ အစွမ်းကုန်ကြိုးစားယှဥ်ပြိုင်သွားကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။




















