Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (၇/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (၇/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်  အောက်တိုဘာ ၁၈
မွန်ပြည်နယ်အ​နေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေ ပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ  (၇/ ၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​​ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်​ရောက်သည်။
အစည်းအ​ဝေးတွင် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း အထင်ကရ တန်ခိုးကြီး ဘုရား၊ ​စေတီများ၊ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ယဉ်ကျေးမှု အမွေအနှစ်များရှိသဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာ ရှိ​သည့် ပြည်နယ်တစ်ခုဖြစ်​ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပါက ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်​မည်ဖြစ်​ကြောင်း၊ သဘာဝကိုအ​​ခြေခံသည့် ခရီးသွားလုပ်ငန်း Eco Tourism များအား ​ဖော်​ဆောင်​ပေးရန် လိုအပ်သလို ခရီးသွားဒေသများတွင် လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးများကို ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့်  ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း ရေရှည်တိုးတက်​စေ​ရေး ဝိုင်းဝန်းပူး​ပေါင်း ​ပေးကြ​စေလို​ကြောင်း၊ E-Visa စနစ်ဖွင့်လှစ် ခွင့်ပြုထားခြင်း၊ ပြည်နယ်အတွင်း ​လေယာဉ်ခရီးစဉ်၊ ​မော်​တော်ယဉ်ခရီးစဉ်များ​နေ့စဉ်​ပြေးဆွဲ ​ဆောင်ရွက်လျက်ခြင်း​ကြောင့်၊
ဝင်ရောက်လာကြသည့် ခရီးသွားဧည့်သည်များအတွက် ​ကောင်းမွန်​သောဝန်​ဆောင်မှုများ​ပေးနိုင်​ရေး ပြည်နယ်အတွင်းရှိ ဟိုတယ်မိုတယ်တည်းခိုရိပ်သာများကို ဒေသအဆင့်၊ အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ​သလို ခရီးသွားဒေသများတွင် လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးများကို ဦးစားပေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခရီးသွားဧည့်သည်များ ဆွဲ​ဆောင်နိုင်မည့် ခရီးသွား​ဒေသများတွင် သန့်ရှင်းသာယာလှပ​ရေးကို အ​လေးထား​ဆောင်ရွက်ကြရန် လိုအပ်ပြီး  ဟိုတယ်၊ တည်းခိုရိပ်သာများ၏ ပြယုဂ်များ ပိုမို ​ကောင်းမွန်​စေ​ရေး ​ဆောင်ရွက်​ပေးကြရန်နှင့် ခရီးသွားလုပ်ငန်း ရေရှည်တိုးတက်ရေးတွက် လုပ်​ဆောင်​ပေးကြရန်ဖြင့် အမှာစကား​ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းလိုင်စင် ဆိုင်ရာကိစ္စရပ်များ၊ အထွေထွေကိစ္စရပ်များ၊ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများကို သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ဧည့်လမ်းညွှန် လိုင်စင်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ခရီးသွား လုပ်ငန်းကော်မတီဝင်များက တင်ပြအကြံပြု ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​မော်ဘမြိုင်မြို့ ပညာ​ရေးဒီကရီ​ကော်လိပ်၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေး မဟာဗျူဟာအဖြစ် ​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အ​နေဖြင့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး၊ သဘာဝဘေးအန္တရာယ်များကြောင့် အခြေခံအဆောက်အဦများနှင့် ဝန်ဆောင်မှုများ ထိခိုက်ဆုံးရှုံးခြင်းမှလျှော့ချသွားနိုင်ရန် အတွက် ပြည်သူတစ်ရပ်လုံးကပါ ပူးပေါင်းပါဝင်ဆောင်ရွက်​ရေး အထူးအ​လေး​ပေး ​ဆောင်ရွက်လျက် ရှိပါ​ကြောင်း၊ မွန်ပြည်နယ်အတွင်း မီးဘေး၊ ရေဘေး၊ လေဘေး ၊ မိုးကြိုးဘေး၊ကမ်းပြိုဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဘေးသင့်ပြည်သူ များအား ထောက်ပံ့ငွေများ၊စားသောက်ကုန်နှင့်အသုံးအဆောင်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးခဲ့သလို ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်​ရေးအတွက်လည်း အထူးအ​လေး​ပေး ကူညီ
ဆောင်ရွက်​ပေးခဲ့ပါ​ကြောင်း၊ သဘာဝဘေးအန္တရာယ်များသည် ကြီးမားသောအဟန့်အတားဖြစ်သည်နှင့် အညီ ဘေးမဖြစ်ခင်ကပင် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှု၊ ဘေးအန္တရာယ်လျော့ပါးသက်သာစေရေး လုပ်ငန်း များကို ဆောင်ရွက်ကြရန်လိုပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိများမှလည်း
ဆိုးကျိုးသက်ရောက်မှုများကို အနည်းဆုံးလျှော့ချနိုင်ရေးအတွက် ကမ္ဘာ့ အဆင့်၊ ဒေသတွင်းအဆင့်နဲ့ နိုင်ငံတော်အဆင့်များတွင် ချမှတ်ထားတဲ့ မူဝါဒတွေကို အချိတ်အဆက် ဆောင်ရွက်ကြရန်လို​ကြောင်းဖြင့် အမှာစကား​ပြောကြားကြားခဲဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်၊ ပြည်နယ်ဝန်ကြီးများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားရုပ်သံ(Video Message)အားလည်း​ကောင်း၊ မညီမျှခြင်းမှသည် ညီမျှခြင်းစီသို့ စင်တင်ပြဇာတ်တို Videoနှင့် ကြည့်ရှုအား​ပေးခဲ့ကြပြီး ခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာမှတ်တမ်းတင် Videoတို့အား လည်း​ကောင်း၊
ရှမ်းရိုးရာအကအဖွဲ့မှ ဝတ်စုံပြည့် ကပြဖျော်ဖြေခြင်း အားလည်း​ကောင်း ကြည့်ရှုအား​ပေးကြပြီး ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် မွန်ပြည်နယ်အတွင်း သဘာဝဘေးလျော့ပါးရေးဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံပြပွဲအား လှည့်လည်ကြည့်ရှုအား​ပေးခဲ့​ကြောင်း သိရိရသည်။

You may also like