မော်လမြိုင် ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ကော့ရွဲစေတီတော်မြတ် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် လှည့်လည် ပူဇော်ပွဲအခမ်းအနားသို့တက်ရောက်သည်။
ရှေးဦးစွာ အလှူတော်မင်္ဂလာမဏ္ဍပ်၌ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး စေတီတော် ဩဝါဒါ စရိယ ကညော်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဇောတိထံမှ ငါးပါးသီလတော်မြတ် ခံယူ ဆောက်တည်ကြကာ ဆရာတော်ဘုရားထံမှ ဩဝါဒ အနုမောဒနာတရားနာယူ ကြည်ညိုခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရတနာစိန်ဖူး တော်မြတ် ၊ငှက်မြတ်နားတော်တို့အား မော်လမြိုင်နဂါးမောက် ဆင်တော်ရတနာ သုံးစင်းပေါ်သို့ ပင့်ဆောင်၍ ကညှော်ကျေးရွာဒေသအတွင်းသို့ အပူဇော်ခံ လှည့်လည်ခဲ့ကြပြီး ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင်ကျိုက်ကော့ရွဲ စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်မြတ် ၊ငှက်မြတ် နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံလှူဒါန်းမှုတို့အား ရေစက်ချမင်္ဂလာအခမ်းအနားကို နတ်တော်လပြည့်နေ့(ဒီဇင်ဘာ၂၇)တွင် တင်လှူပူဇော်သွားမည် ဖြစ်ကြောင်းသိရသည်။






