Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်

by Mon Editor

“တစ်နိုင်ငံလုံးအသိပညာ၊ အတတ် ပညာမြင့်မားတိုးတက် စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်နှင့်အညီ မွန်ပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်ပညာရေး ဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးဌာနမှ ဆရာ၊ဆရာမများ၊ မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။ 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးမှာ ပညာရေးသည်အဓိကအခန်း ကဏ္ဍမှာပါဝင်နေကြောင်း၊ ကျောင်းပြင်ပ ပညာရေး (Non – Formal Education) ဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ ထိုမှတစ်ဆင့် KG+9 ကို သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ Grade-5, Grade-9 စာမေးပွဲများကို စာမေးပွဲလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ကျင်းပဆောင်ရွက်သွားရန်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် မြင့်မားရေးအတွက် စုစည်းမှုအား ကောင်းကောင်းဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ ပညာရေး ဌာနနှင့် အခြားဌာနများမှ ကြီးမှူးဆောင်ရွက်သည့် ပြိုင်ပွဲများတွင် ကျောင်းသား/သူများ ပါဝင် ယှဉ်ပြိုင်နိုင်ရေး စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်ရေး၊ ကျောင်းသား/သူများအားလုံး ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေးအရည် အသွေးများပြည့်စုံကောင်းမွန်စွာ ရရှိ အသုံးချနိုင်ရေး ဦးစားပေးလေ့ကျင့်ပျိုးထောင်ပေးရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက် ရောက်နိုင်ရေး၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ ပြုလုပ်နိုင်ရေး၊ ပညာရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျောင်းသား၊ ဆရာ၊ မိဘနှင့်အုပ်ချုပ်ရေးအဖွဲ့များ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ် များဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။ 

ထို့နောက် တက်ရောက်လာကြသော ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှုးများနှင့် ကျောင်းအုပ်ကြီး များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာမြင့်က အကြုံပြုဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများသို့ Set Top Boxများ အလုံးရေ ၈၅ လုံးပေးအပ်လှုဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူးများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

You may also like