Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ စာသင်ကျောင်းများ စိမ်းလန်းစိုပြေ ရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှု အားပေး၊ မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများ ဆေးကုသပေးမှု ကြည့်ရှုအားပေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ စာသင်ကျောင်းများ စိမ်းလန်းစိုပြေ ရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှု အားပေး၊ မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများ ဆေးကုသပေးမှု ကြည့်ရှုအားပေး

by Mon Editor

မော်လမြိုင်၊ ဇန်နဝါရီ ၂၇

မွန်ပြည်နယ်အတွင်း အခြေခံပညာ စာကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဇန်နဝါရီ ၂၇ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဝင်း အတွင်း၊  ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့်အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက် နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပတိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးကြရန်၊ ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်ရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများ၊ စာသင်ကျောင်း နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စာသင်ကျောင်းဆောင် များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး  ကျောင်းဆောင်များ ယိုယွင်းပျက်စီးမှုမရှိစေရေး၊ မျက်နှာကျက်နှင့်အမိုးအကာများ ပြင်ဆင်ရေးအတွက် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နိုင်ရေးတို့ကို ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေး အတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများ တွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ အထူးကုဆေးကုသရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင် (အမျိုးသားသွေးလှူဘဏ်)မှ ဦးဆောင်၍ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး ၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ကလေးဆေးရုံကြီး၊ ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး-ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီး (၁၅)ဦးတို့က (ဆေးပညာ)၊  (ရင်ခေါင်းဆေးကု) (အရိုးအကြောအဆစ်) (ဆီးနှင့်ကျောက်ကပ်ဆေးကု)၊ (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)၊ (ဆီးနှင့်ကျောက်ကပ်ဆေးကု)၊ (အရေပြား)၊ (ဆီးချိုနှင့်ဟော်မုန်း)၊ (ကလေးနှလုံးရောဂါဆေးပညာ)၊ (နှလုံးဆေးကု)(အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ)၊ (ဦးနှောက်နှင့်အာရုံကြောဆေးကု)၊ (အသည်းဆေးကု) ပညာရပ် ဆိုင်ရာများကို မွန်ပြည်နယ်မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ နှင့်အတူ ဒေသခံပြည်သူများအား ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကာ ဆေးကုသမှုခံယူကြမည့် သူများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်သည်။

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထူးကုဆရာဝန်ကြီးများထံ လာရောက်ပြသကုသ မှုခံယူကြသော လူနာများကို ကြည့်ရှုအားပေးပြီး အထူးကုဆရာဝန်ကြီးများကို ကျေးဇူးတင် စကားပြောကြားကာ အမှတ်တရ ဒေသထွက်လက်ဆောင်ပစ္စည်းများအား ပေးအပ်သည်။

အဆိုပါ ကွင်းဆင်းကျန်းမာရေးဆေးကုသမှုများကို မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီး၌ ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်နေ့ထိ ၂ ရက်ကြာ ဒေသခံ ပြည်သူများ၏ကျန်းမာရေးဝန်‌ဆောင်မှုများ ကိုကြည့်ရှု ကုသပေးသွားမည် ဖြစ်ကြောင်းသိရသည်။

You may also like