Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ စာသင်ကျောင်းများ စိမ်းလန်းစိုပြေရေး နှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှု အား‌ပေး နှင့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ စာသင်ကျောင်းများ စိမ်းလန်းစိုပြေရေး နှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှု အား‌ပေး နှင့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင်၊ ဇန်နဝါရီ ၂၀

မွန်ပြည်နယ်အတွင်း အခြေခံပညာ စာကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ သည် ဇန်နဝါရီ ၂၀ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်း အတွင်း၊  ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပတိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးကြရန်၊ ကျောင်းစိမ်းလန်းစိုပြေရေးနှင့်သန့်ရှင်း သာယာမှုရှိစေရေး ဆောင်ရွက်ရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများ၊ စာသင်ကျောင်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေး အတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများတွင် လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၂၀၂၃ – ၂၀၂၄  ပညာသင်နှစ် မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၂၀ ရက်၊ နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ် ခန်းမတွင် ကျင်းပရာ ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။ 

ထို့နောက် မော်လမြိုင်မြို့၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကတည်ဆောက်ရခြင်းဖြစ်သည့်အတွက် အသိပညာ၊ အတတ် ပညာပြည့်စုံသည့် ပညာတတ်များ ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တ ကောင်းမွန်၍ ကျန်းမာသန်စွမ်းသည့် ကျောင်းသားလူငယ်များ ဖြစ်ပေါ်လာရန်အတွက် သင်ကြားမှုသင်ယူမှု ပတ်ဝန်းကျင်ကောင်းဖြစ်စေရန် ကျောင်းအဆောက်အဦးများ တိုးချဲ့ပြင်ဆင်ပေးခြင်း၊ အသစ် ဆောက်လုပ်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများပံ့ပိုးပေးခြင်းဖြင့် နိုင်ငံ‌တော်မှ တစ်နိုင်ငံလုံးပညာရေး နှင့်ပက်သက်၍ ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်သည် နှစ်စဉ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ ပြည်နယ်၏ အခြေခံ ပညာရေးကဏ္ဍ အရည်အသွေးတိုးတက်မြင့်မားရေးအထူးအလေးပေး ဆောင်ရွက်လျက်ရှိရာ ကျောင်းသား မိဘများ၊ ဆရာ၊ ဆရာမများ၊‌ ကျောင်းသား၊ ‌ကျောင်းသူများ၊‌ ဒေသအုပ်ချုပ်‌ရေး အဖွဲ့အစည်းများ၊‌ စေတနာရှင်ပြည်သူများ အားလုံးကလည်း ဝိုင်းဝန်းပူ‌ပေါင်း ကြိုးစားဆောင်ရွက်ရန် တိုက်တွန်း လိုကြောင်း  ပြောကြားသည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး၊ မော်လမြိုင်မြို့ ပါရမီကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ၏ “မွန်စာသင်ကြစို့” မွန်ရိုးရာအက၊ မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၏ “ကြိုဆိုပါသည် စုံညီပွဲတော်” တေးသီချင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း  ကျောင်းသား မောင်စောသူထူးလှိုင်က “တော်ဝင်နှစ်ပါး တစ်ပင်တိုင်အက” နှင့် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ၏ “ဘက်စုံပညာကိုရည် တို့လှမ်းချီ” တေးသီချင်းများဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေတင်ဆက် ပေးသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ခန်းမအတွင်းခင်း ကျင်းပြသထားသည့် အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ တီထွင်ဖန်တီးပြု လုပ်ထားသည့် စက်မှုလက်မှု၊ သိပ္ပံနှင့် အနုပညာဆိုင်ရာပြခန်းများကို စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

You may also like