Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊စာသင်ကျောင်းများစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအား‌ပေး၊စျေးကြိုရပ်ကွက်တောင်ဝိုင်းဘုရားလမ်း တိုးချဲ့ဖောက်လုပ်နေမှုနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (မော်လမြိုင်)စာစစ်ဌာနခွဲ၌စာမေးပွဲဖြေဆိုနေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊စာသင်ကျောင်းများစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအား‌ပေး၊စျေးကြိုရပ်ကွက်တောင်ဝိုင်းဘုရားလမ်း တိုးချဲ့ဖောက်လုပ်နေမှုနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (မော်လမြိုင်)စာစစ်ဌာနခွဲ၌စာမေးပွဲဖြေဆိုနေမှုကြည့်ရှုအားပေး

by Mon Editor

မော်လမြိုင် ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၀ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများ ခြုံနွယ်ပိတ်ပေါင်းများအား စက်ယန္တယားကြီးများ ဖြင့်လည်းကောင်း၊ အမှိုက်များနှင့် မြက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပဓိရုပ် ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ပေးကြရန်၊  မကြာမီကာလအတွင်း အခြေခံပညာ စာမေးပွဲများ ကျင်းပတော့မည်ဖြစ်ရာ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး တာဝန်ရှိသူများအားလုံး အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှု၍ အလင်းရောင် ကောင်းမွန်စွာရရှိစေရေး၊ လေဝင်လေထွက် ကောင်းမွန်စေရေး စနစ်တကျစီစဉ် ဆောက်ရွက်ကြရန်နှင့်ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့စျေးကြိုရပ်ကွက် တောင်ဝိုင်းဘုရားလမ်းရှိ ၁၄ပေအကျယ်ကတ္တရာလမ်းအား ၂၄ပေအကျယ်သို့ တိုးချဲ့ပြီး အလျားပေ(၁၆၀၀)ကွန်ကရစ်လမ်း ခင်းကျင်း မည့်နေရာသို့ရောက်ရှိရာ လမ်းအလှူရှင် ဇေတဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒဇောတိ (သာသနာနွယ်ဖောင်ဒေးရှင်း)နှင့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက လမ်းတိုးချဲ့ဖောက်လုပ်မည့် အခြေအနေများ၊ လမ်းဝဲယာပလက်ဖောင်းတည်ဆောက်ခြင်း၊ လုပ်ငန်းများအားရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းမြေ့အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ရေထုတ် ပေါက်များ စနစ်တကျဖောက်လုပ်စေရေး၊ တာဝန်ရှိသူများအားမှားကြား၍ လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးကာ တိုးချဲ့လမ်းတစ်လျှောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အမြတမ်းအတွင်းဝန် ဦးအောင်တင်စိုး တို့နှင့်အတူ မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ကြောငြာခေါ်ယူသည့် ဝန်ကြီးဌာနနှင့်  အဖွဲ့အစည်း (၂၁)ခုမှ နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး (၄၅၂)နေရာနှင့် တတိယအတွင်းဝန်ရာထူး(၂၀)နေရာအတွက် ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို (မော်လမြိုင်)စာစစ်ဌာနခွဲ၌ ကျင်းပပြုလုပ်ရာ စာမေးပွဲဖြေဆိုသူ (၄၉)ဦးတို့၏ ရေးဖြေ စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

You may also like