Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၄ ခုနှစ်၊  (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားနှင့် မော်လမြိုင်မြို့ တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ ၆၁နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၄ ခုနှစ်၊  (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားနှင့် မော်လမြိုင်မြို့ တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ ၆၁နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၂

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေ့ဦးစွာနိုင်ငံတော် အလံတင်အဖွဲ့နှင့် စစ်ခရာအဖွဲ့မှ ကွင်းအတွင်းနေရာယူ၍ နိုင်ငံတော်အလံအားလွှင့်ထူခဲ့ပြီး  နိုင်ငံတော်အလံ အားအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်၂၀၂၄ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက်(၇)နာရီအချိန်တွင် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံ၌ ဆက်လက်ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့်ဇနီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတို့က ကွင်းအတွင်းသို့ ချီတက်နေရာယူခဲ့ကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲမှ မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုအလေးပြုခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာ သရေစည်သူသတိုး သီရိသုဓမ္မမင်းအောင်လှိုင်ထံမှ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ဖတ်ကြားခဲ့ပြီး ဂုဏ်ပြုတပ်ခွဲမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။၁၉၆၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှ စတင်ပြီး ဘိုးဘွားများ ခိုလှုံနားခိုရာအဖြစ် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည့် မော်လမြိုင်မြို့ရှိ တောင်ဝိုင်း ဘိုးဘွားရိပ်သာ၏ ၆၁နှစ် ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဘိုးဘွားရိပ်သာ ဓမ္မာရုံ၌ကျင်းပရာ ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊  ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ အရပ်ဖက်လူမှုရေး အသင်းအဖွဲ့များတက်ရောက်သည်။ ထို့နောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တောင်ဝိုင်းဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးအောင်က ရိပ်သာ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တက်ရောက်လာသူများက ဘိုးဘွားကန်တော့ချိုး ဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့က ဆုတောင်းမေတ္တာပို့သကြသည်။ 
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ အလှူရှင်းများက တောင်ဝိုင်းဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၅၀)ဦးအား ဂါရ၀ပြုပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းလောင်းလှူခဲ့ကြကြောင်း သိရှိရ ပါသည်။

You may also like