Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ​ဖေ​ဖော်ဝါရီ ၁၅
မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယ​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ​ရေး လုပ်ငန်း​ကော်မတီဝင်များ တက်​ရောက်သည်။
အစည်းအ​ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို မြန်မာတို့၏ ထုံးတမ်းစဉ်လာအရ တပို့တွဲလတွင် ပြုလုပ်ကျင်းပကြမြဲဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါ​ကြောင်း၊ ထမနဲထိုးပွဲတော်သည် သားစဉ်မြေးဆက် လက်ဆင့်ကမ်း သယ်ယူသွားရမဲ့ အဓိပ္ပာယ်နှင့် အနှစ်သာရပြည့်ဝတဲ့ ပွဲတော်တွေထဲက တစ်ခုအပါအဝင်ဖြစ်သည့်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကိုလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်​ကြောင်း၊ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေးနှင့် ထမနဲထိုးအသင်းများ ​ပျော်ရွှင်စွာဖြင့် မြိုင်မြိုင် ဆိုင်ဆိုင် ပါဝင်ယှဉ်ပြိုင်ကြစေ​ရေးအတွက် ကဏ္ဍအလိုက် ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိကြရန် လို​ကြောင်း၊ ​မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား အောင်မြင်စွာကျင်းပပြုလုပ်နိုင်​ရေးအတွက် ပြိုင်ပွဲကျင်းပ​ရေး လုပ်ငန်းကော်မတီများမှ ကြိုးပမ်းဆောင်ရွက်​ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ​ဆွေး​နွေး​ပေးကြ​ရန်ဖြင့် အမှာစကား ​ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ​ရေး လုပ်ငန်း​ကော်မတီများမှ မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပနိုင်​ရေး ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
အဲဒီ​နောက် တက်​​ရောက်လာသူများက (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ​နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း ​ဆွေး​နွေးတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးများ ဖြည့်စွက်ဆွေး​နွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့သည်။

You may also like