Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာ​အေး စေတီ​တော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်​ရေး အလှူ​ငွေ​ပေးအပ်ပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာ​အေး စေတီ​တော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်​ရေး အလှူ​ငွေ​ပေးအပ်ပွဲ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ​ဖေ​ဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း တည်ထားကိုးကွယ်​တော်မူသည့် တပ်ဦးကမ္ဘာ​အေး စေတီ​တော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်​ရေး အလှူ​ငွေ​ပေးအပ်ပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာ​အေး စေတီ​တော်မြတ်  ရင်ပြင်​တော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ အရာရှိ၊ အရာခံ စစ်သည်များ၊ မိသားစုဝင်များ တက်​ရောက်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ကန်တော့ဖွင့်လှစ်ခဲ့ပြီး နဂါးမောက် ​စေတီ​တော်မြတ်ကြီးနှင့် မြဆည်းဆာဘိုးဘွားရိပ်သာတို့၏  ဦးစီးပဓါန နာယကဆရာ​တော် ဘဒ္ဒန္တ နရိန္ဒထံထံမှ သီလ​တော်မြတ်များ ခံယူ​ဆောက်တည်ခြင်း၊ ဆရာ​တော်သံဃာ​တော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး  တပ်ဦးကမ္ဘာ​အေး စေတီ​တော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်​ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက အလှူ​ငွေများ ​ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့​နောက် မတည်အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မမဏိ​ဇောတဓရ ဦးလှထွန်း (ငရုပ်သီးမှုန့်လုပ်ငန်း) မိသားစုမှ စေတီ​တော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်​ရေးအတွက် အလှူ​ငွေကျပ်သိန်း (၃၀၀)အား ​ပေးအပ်လှူဒါန်းမှုအ​ပေါ် လက်ခံပြီး လှူဒါန်းမှုအစုစုအတို့အတွက် အနု​မောဒနာတရားနာယူကြည်ညိုခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တပ်ဦးကမ္ဘာ​အေး စေတီ​တော်မြတ်ကို ဖူး​​မြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ​ရေချမ်းများ ဆက်ကပ်ပူ​ဇော်ခဲ့ကြသည်။

You may also like