မော်လမြိုင်၊ မတ် ၁
မွန်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာ လှပမှုရှိစေရေး၊ ကျောင်းပုရဝုဏ်အတွင်းအပြင် အမှိုက်များ စနစ်တကျစွန့်ပစ်ကြစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး သန့်ရှင်း၍ အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာသင်ကျောင်း စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် ၊ ဘိန်းဗျောကျေးရွာ ကော့တာတောရကျောင်းဆရာတော် “ဘဒ္ဒန္တတေဇမဟာထေရ်မြတ်”၏ သက်တော် (၇ဝ)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားသို့တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ကျိုက်မရောမြို့နယ် ၊ ဘိန်းဗျောကျေးရွာ ကော့တာတောရကျောင်းဆရာတော် “ဘဒ္ဒန္တတေဇမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူခဲ့ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များ နာ
ပြည်နယ်ဝန်ကြီးချုပ်က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
မွန်ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို မပျောက်မပျက်ထိန်းသိမ်းစာင့်ရှောက်၍ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ရည်ရွယ်၍
မွန်ပြည်နယ်၊ တိုင်းရင်းသားယဉ်ကျေးမှု စင်တာကို မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက တိုင်းရင်းသားယဉ်ကျေးမှု စင်တာ တည်ဆောက်ရေးစီမံကိန်းသို့ရောက်သို့ရောက်ရှိခဲ့ကြပြီး ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများမှ လုပ်ငန်းတစ်ခုချင်းစီအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သတ်မှတ်ဘဏ္ဏာရေးရေးနှစ်အတွင်း အချိန်မီပြီးစီးစေရေးနှင့် စံညီးစံညွှန်းနှင့် ကိုက်ညီစေရေး အထူးအလေးထားဆောင်ရွက်ပေးကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီနောက် တာဝန်ရှိသူများက မွန်ပြည်နယ်၊ တိုင်းရင်းသားယဉ်ကျေးမှု စင်တာ တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားယဉ်ကျေးမှု စင်တာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီး နေမှု အခြေအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။