Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် “အသည်းရောင်အသားဝါ ရောဂါ(စီ)ပိုး စစ်ဆေး၊ ကုသခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးဆွေးနွေးခြင်း အခမ်းအနားနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ကိုဗစ်ကာကွယ်ဆေး (Pfizer)ထိုးနှံခြင်း” အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် “အသည်းရောင်အသားဝါ ရောဂါ(စီ)ပိုး စစ်ဆေး၊ ကုသခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးဆွေးနွေးခြင်း အခမ်းအနားနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ကိုဗစ်ကာကွယ်ဆေး (Pfizer)ထိုးနှံခြင်း” အခမ်းအနား တက်ရောက်

by admin

မော်လမြိုင် ဖေဖော်ဝါရီ ၇

၂၀၂၅ခုနှစ် ပြည်နယ်အဆင့် “အသည်းရောင်အသားဝါ ရောဂါ(စီ)ပိုး စစ်ဆေး၊ ကုသခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးဆွေးနွေးခြင်း အခမ်းအနားနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ကိုဗစ်ကာကွယ်ဆေး (Pfizer)ထိုးနှံခြင်း” အခမ်းအနားကို ဖေဖော်ဝါရီ ၇ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့  အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသ ရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီး များနှင့် အထူးကုဆရာဝန်ကြီးများ၊ ဖိတ်ကြားထားသောဧည်သည်တာ်များ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက  မွန်ပြည်နယ်အတွင်း အစားအသောက် တည်ခင်း ပြင်ဆင် ရောင်းချသူ အုပ်စုများအတွင်း အသည်းရောင်အသားဝါ(ဘီ)နှင့် (စီ)ပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိ အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ်ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှဦးဆောင်၍ ဟိုတယ်နှင့် စားသောက်ဆိုင်ကြီးများ၊ လက်ဖက်ရည်ဆိုင်များ၊ ဈေးများမှ အစား အသောက် တည်ခင်းပြင်ဆင် ရောင်းချသူများကို ဦးစားပေးစစ်ဆေး ပေးနိုင်ရန်  မွန်ပြည်နယ်အတွင်း စစ်ဆေးခဲ့သူ (၁၀,၀၀၀) ဦးအနက် အသည်း ရောင်အသားဝါ(ဘီ)ပိုး ထွက်ရှိသူ (၄၆၁) ဦးနှင့် အသည်းရောင်အသားဝါ (စီ)ပိုး ထွက်ရှိသူ (၁၄၆)ဦး ရှိခဲ့ပြီး ထိုလူနာများအား ကုသပေးနိုင် ရန်အတွက်  ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်တွင် ထောက်ပံ့ ပေးခဲ့ရာ ဆေးကုသပေးနိုင်ရေးအတွက် စိစစ်ရာ ပိုးတွေ့ ရှိသူများအနက် အကြောင်းကြောင်းကြောင့် ဆေးကုသမှု မခံရသေးသူ (၆၄)ဦး ကျန်ရှိနေသည်ကို တွေ့ရှိရကြောင်း၊အသည်းရောင်အသားဝါ(စီ)ပိုး ကုသပေးမည့် အစီအစဉ် ကို ပိုးကောင်ရေ ဓါတ်ခွဲစမ်းသပ်စစ်ဆေးသည့်စက်များ ပြန်လည်ပြင်ဆင်မွမ်းမံခြင်း၊ သင်တန်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပြီးနောက် (၇-၂-၂၀၂၅) ရက်နေ့မှစ၍ အပတ်စဉ် သောကြာနေ့တိုင်း မော်လမြိုင် ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများ ဖြင့် စတင်ကုသပေးသွားမည်ဖြစ်ကြောင်း ၊ကျန်ရှိနေသောဆေးများဖြင့် ပိုးတွေ့ရှိသောလူနာများကို  မော်လမြိုင် ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးနှင့် နီးစပ်ရာကျန်းမာရေးဌာန များသို့ သတင်းပေးပို့ပြီး ဆက်သွယ်နိုင်ကြောင်း၊ လူနာများအား ဆေးကုသပေးနိုင်ရေး ဆောင်ရွက်ပေး ပါသော ကျန်းမာရေးဝန်ကြီးဌာန၊ ဦးဆောင်မှုပေးပါသော မွန်ပြည်နယ် အစိုးရအဖွဲ့၊ စီစဉ်ဆောင်ရွက်ပေးပါသော မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မော်လမြိုင်မြို့ ပြည်နယ်အထွေထွေ ရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက အသည်းရောင် အသားဝါ(စီ)ပိုး စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသည်းရောင်အသားဝါ(စီ)ပိုး တွေ့ရှိထားသော လူနာများအား စစ်ဆေး၊ ကုသပေးနေမှုကိုလည်းကောင်း၊ Covid-19(Pfizer) ရောဂါကာကွယ်ဆေးထိုးနှံနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆေးကုသခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

You may also like