မော်လမြိုင် မေ ၁၆
၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်ဘော်လီဘောအသင်းနှင့် ကျိုက်မရောမြို့နယ် ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရရှိသော အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ ပြိုင်ပွဲအလိုက် အကောင်းဆုံးအားကစား ထူးချွန်ဆုရရှိသူများ၊ အသင်းလိုက်ပူးတွဲတတိယဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ ဒုတိယဆုရကျိုက်မရောမြို့နယ်အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးကလည်းကောင်း၊ ပထမဆုရ မော်လမြိုင်မြို့နယ်အသင်းအား ဆုတံဆိပ်၊ငွေသားဆုနှင့်တံခွန်စိုက်ဒိုင်းဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ‘ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


